
ဇန်နဝါရီလကုန်အထိ အစိုးရကို ရန်ပုံငွေထောက်ပံ့ဖို့ အမေရိကန်အထက်လွှတ်တော်က နိုင်ငံရေးပါတီ ၂ ရပ်ကြား နိုဝင်ဘာ ၉ ရက်မှာ သဘောတူညီချက်ရသွားပြီး ရက်ပေါင်း ၄၀ ကြာနေပြီဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု အစိုးရပိတ်သိမ်းမှုလည်း အဆုံးသတ်မှာ ဖြစ်ပါတယ်။
အဆိုပြုထားတဲ့ သဘောတူညီချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဖက်ဒရယ်အဆင့် ဝန်ထမ်းတွေကို ရာထူးကနေ ထုတ်ပယ်တာကို ပြောင်းပြန်လှန်ပစ်မှာဖြစ်ပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာလကုန်အထိ ဖြည့်စွက်အာဟာရ အကူအညီအစီအစဉ် (SNAP) အကျိုးခံစားခွင့်တွေကို ရန်ပုံငွေထောက်ပံ့မယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အထက်လွှတ်တော်မှာ နောက်ဆုံးမဲပေးမှုကို ဆက်လုပ်ရဦးမှာဖြစ်ပြီး ဥပဒေပြုလွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုရင် ထရမ့်ပ်က လက်မှတ်ထိုးဖို့ အိမ်ဖြူတော်ဆီ ပေးပို့ရဦးမှာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့ ရက် ၄၀ မြောက် အစိုးရပိတ်သိမ်းမှုဟာ ဖက်ဒရယ်ဝန်ထမ်း ရာပေါင်းများစွာကို အလုပ်ကနေ ထုတ်ပယ်ပြီး အစားအစာအကူအညီ ငွေပေးချေမှုတွေကို နှောင့်နှေးစေခဲ့ပါတယ်။
ဒါ့အပြင် အရပ်ဘက်လေကြောင်းပို့ဆောင်ရေး လုပ်ငန်းတွေလည်း ထိခိုက်ခဲ့ရပြီး အဓိကလေဆိပ် ၄၀ မှာ ဘေးကင်းရေးဆိုင်ရာ စိုးရိမ်ချက်တွေကြောင့် လေယာဉ်ခရီးစဉ် ထောင်ပေါင်းများစွာကို ဖျက်သိမ်းခဲ့ရပါတယ်။
Source: Reuters


