
အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်၊ ဘာလ်တီမိုးမြို့က ရီမင်တန်ရပ်ကွက်မှာရှိတဲ့ ဂိုထောင်တခုမှာ နိုဝင်ဘာ ၇ ရက်က အဆင့် ၄ တပ်လှန့် သတိပေးချက် ထုတ်ရတဲ့အထိ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မီးသတ်အရာရှိတွေဟာ ဂိုထောင်နားက နံရံကပ် လူနေတိုက်တန်းတွေမှာ နေထိုင်သူ ၂၃ ယောက်ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ပြီး အရပ်သားတွေရော မီးသတ်သမားတွေပါ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဘာလ်တီမိုးဆန်း သတင်းစာက ရေးပါတယ်။
မီးလောင်မှုကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး မီးသတ်သမားတွေက မီးငြှိမ်းသတ်ဖို့ ကြိုးစားနေတယ်လို့ မြို့တော်အရာရှိတွေကို ကိုးကားပြီး အမေရိကန်သတင်းစာမှာ ဖော်ပြပါတယ်။
Source: Reuters


