
နိုင်ဂျီးရီးယားအစိုးရက ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး “အထူးစိုးရိမ်စရာနိုင်ငံ” အဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ်ချက်ကို နိုဝင်ဘာ ၅ ရက်မှာ ပယ်ချခဲ့ပြီး ဒီလုပ်ရပ်ဟာ သတင်းမှားတွေနဲ့ မှားယွင်းတဲ့ အချက်အလက်တွေအပေါ် အခြေခံတယ်လို့ ပြောလိုက်ပါတယ်။
ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်တယ်လို့ အမေရိကန်က သတ်မှတ်ထားတဲ့နိုင်ငံတွေ စာရင်းထဲမှာ နိုင်ဂျီးရီးယားကို ပြီးခဲ့တဲ့အပတ်မှာ ပြန်ထည့်သွင်းခဲ့ပါတယ်။
ခရစ်ယာန်တွေကို သတ်ဖြတ်မှုကို နိုင်ဂျီးရီးယားက မနှိမ်နင်းရင် ဖြစ်နိုင်ချေရှိပြီး “မြန်ဆန်တဲ့” စစ်ရေးအရေးယူမှုအတွက် ပြင်ဆင်ဖို့ ကာကွယ်ရေးဌာနကို တောင်းဆိုခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စနေနေ့မှာ ပြောခဲ့ပါတယ်။
ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်သူအဖြစ် နိုင်ဂျီးရီးယားကို သတ်မှတ်ဖို့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို တင်းမာစေခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ စစ်ရေးအရ အရေးယူမယ့် ခြိမ်းခြောက်မှုတွေဟာ မမှန်ကန်ဘဲ နိုင်ဂျီးရီးယားရဲ့ ရှုပ်ထွေးတဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကို မှားယွင်းဖော်ပြခဲ့တာ ဖြစ်တယ်လို့ သတင်းအချက်အလက် ဝန်ကြီး မိုဟာမက်အီဒရစ်က သတင်းစာရှင်းလင်းပွဲတခုမှာ ပြောရင်း နိုင်ဂျီးရီးယားရဲ့ မှတ်တမ်းကို ကာကွယ်ခဲ့ပါတယ်။
Source: Reuters


