
၂၀၂၆ ခုနှစ်မှာ မျိုးဆက်သစ် နှလုံးခွဲစိတ်စက်ရုပ်တွေ စတင်အသုံးပြုဖို့ ဂျာမနီရှိ နှလုံးစင်တာတွေက ပြင်ဆင်နေပါတယ်။
ဂျာမနီရဲ့ နှလုံးစင်တာဟာ ဒါဗင်ချီစနစ်ကို အသုံးပြုပြီး စက်ရုပ်အကူအညီနဲ့ နှလုံးခွဲစိတ်မှုတွေ ပြုလုပ်တဲ့ ဥရောပအကြီးဆုံး အစီအစဉ်ပဲ ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံမှာ ဒီလိုစက်ရုပ်တွေ အသုံးပြုတဲ့ စင်တာ ၂ ခုရှိပြီး ဒီနည်းပညာနဲ့ လူပေါင်း ၂၆၀ ကို ခွဲစိတ်ကုသမှုတွေ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
မျိုးဆက်သစ်နည်းပညာသစ်ကိုတော့ လာမယ့်နှစ်မှာ စတင်အသုံးပြုမယ်လို့ မျှော်လင့်ရပါတယ်။
နှလုံးစင်တာ ဒါရိုက်တာက “နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေကို ရင်ဘတ်ကိုဖွင့်ပြီး ကုသဖို့ မလိုဘူးဆိုပြီး ကျနော်တို့ ကမ်းလှမ်းနိုင်ပါတယ်။ ဒီကုသနည်းက လူနာတွေ အမြန်ဆုံး ပြန်သက်သာလာတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်” လို့ ပြောပါတယ်။
စက်ရုပ်လက်တွေက လူတွေရဲ့ လက်ပုံစံမျိုးနဲ့ ခွဲစိတ်မှုတွေ ပြုလုပ်တာ ဖြစ်ပါတယ်။ ဒီလို စက်ရုပ်တွေကို ခွဲစိတ်ဆရာဝန်တွေက ခလုတ်တွေ အသုံးပြုပြီး ထိန်းချုပ်တာ ဖြစ်ပါတယ်။
စက်ရုပ်တွေ အသုံးပြုပြီး ခွဲစိတ်မှုတွေပြုလုပ်တာကို ဂမ်မီဝက်ဝံရုပ်လေးတွေကို ခွက်တခုကနေ နောက်တခုကို ရွှေ့ပြောင်းကာ သရုပ်ပြခဲ့ပါတယ်။
ဂျာမန်နှလုံးစင်တာဟာ ဒီအစီအစဉ်နဲ့ အနာဂတ် အဆင့်မြင့်နည်းပညာတွေကို ပြင်ဆင်နေတာ ဖြစ်ပါတယ်။
Source: Reuters


