
ဂျာမနီနိုင်ငံအရှေ့ပိုင်းက အာဏာပိုင်တွေဟာ ငှက်တုပ်ကွေးဖြစ်ပွားမှု ထိန်းချုပ်ရေးအတွက် အောက်တိုဘာ ၂၆ ရက်မှာ ကြက်ဘဲကောင်ရေ ၁၃၀,၀၀၀ ကို သုတ်သင်ဖို့ စီစဉ်ထားတယ်လို့ မဲကစ်ရှ် ရှိုးဒါးလန်း အုပ်ချုပ်ရေးခရိုင်က ပြောရေးဆိုခွင့်ရှိသူ ဂျိုဟန်နာ ဆီးလစ်ခ်က ပြောခဲ့ပါတယ်။
ဗိုင်းရပ်စ်ပိုးတွေ့ပြီးတဲ့နောက် အသားစားကြက် ၅၀,၀၀၀ နဲ့ ဘဲ ၈၀,၀၀၀ ကို ၂ ရက်အတွင်း သုတ်သင်နိုင်တယ်လို့ ဆိုပါတယ်။
ငှက်တုပ်ကွေးဟာ ဥရောပမှာ အမြန်ပျံ့နှံ့နေပြီး အနည်းဆုံးအနေနဲ့ ဆယ်စုနှစ်တခုအတွင်း အစောပိုင်း ကူးစက်မှုအများဆုံး နိုင်ငံအရေအတွက် ဖြစ်လာခဲ့ပါတယ်။
ငှက်သန်းပေါင်းများစွာကို သုတ်သင်ခဲ့ရတဲ့ အတိတ်က အကျပ်အတည်းတွေ တကျော့ပြန်ဖြစ်ပြီး အစားအစာဈေးနှုန်းတွေ မြင့်တက်လာမှာကို စိုးရိမ်စိတ်တွေ တိုးပွားစေပါတယ်။
လူသားတွေအတွက် ငှက်တုပ်ကွေး ဖြစ်ပွားနိုင်ခြေက နည်းပါးနေဆဲဖြစ်ပြီး ကူးစက်ခံရသူ အများစုဟာ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တွေနဲ့ နီးနီးကပ်ကပ် ထိတွေ့ခဲ့ဖူးသူတွေသာ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ဟာ နို့တိုက်သတ္တဝါတွေဆီ ပိုကူးစက်ပျံ့နှံ့လာတာနဲ့အမျှ စောင့်ကြည့်ဖို့လိုတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောခဲ့ပါတယ်။
Source: Reuters


