
ဂျာမနီနိုင်ငံဟာ လာမယ့်နှစ်တွေမှာ ဒရုန်းအမျိုးအစားအားလုံးအတွက် ယူရိုငွေ ၁၀ ဘီလီယံ (ဒေါ်လာ ၁၁ ဒသမ ၆၂ ဘီလီယံ) သုံးစွဲမှာဖြစ်ကြောင်း ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘိုးရစ်စ် ပစ်စ်တိုးရီးယပ်စ်က အောက်တိုဘာ ၁၅ ရက်မှာ ဘရပ်ဆဲလ်က NATO ကာကွယ်ရေးဝန်ကြီးတွေ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
NATO အတွင်းရေးမှူးချုပ် မာ့ခ်ရူတေက ဒရုန်းကာကွယ်ရေးကို အားကောင်းအောင် လုပ်မယ့် အစီအစဉ်ကို တင်ပြထားပြီး မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေအရ ဒါကို ကြိုဆိုရမှာဖြစ်ကြောင်းနဲ့ ဂျာမနီအနေနဲ့လည်း မြင်သာထင်သာရှိတဲ့ ပံ့ပိုးကူညီမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လာမယ့်နှစ်တွေမှာ ဒါကို အောင်မြင်ပြီး အာမခံချက်ရှိဖို့အတွက် ဂျာမနီဟာ လာမယ့်နှစ်အတွက် ဘတ်ဂျက်အစီအမံနဲ့အညီ ဒရုန်းအမျိုးအစားတွေနဲ့ အဆင့်အားလုံးမှာ ထိုးစစ်ရော ခံစစ်အတွက်ပါ ယူရိုငွေ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ယူရိုတိုက်လေယာဉ် အများအပြားကို ရိုမေးနီးယားနိုင်ငံ၊ ကွန်စတန်တာမြို့မှာ တပ်စွဲထားပြီး ယူရိုတိုက်လေယာဉ် ၂ စင်းကို ဒီဇင်ဘာလကနေ မတ်လအထိ ပိုလန်နိုင်ငံ မားလ်ဘော့ခ်မြို့မှာ ဖြန့်ချထားမယ်လို့လည်း ပစ်စ်တိုးရီးယပ်စ်က ပြောပါတယ်။
ဒါ့အပြင် ဂျာမနီဟာ ဥရောပသမဂ္ဂ လေကြောင်းရန်ကာကွယ်ရေး ဒိုင်းကာကို ဦးဆောင်ဖို့ ကမ်းလှမ်းမှာဖြစ်ကြောင်းနဲ့ ဂျာမနီဟာ လေကြောင်းရဲတပ်ဖွဲ့မှာ ပံ့ပိုးကူညီမှုကို တိုးမြှင့်မှာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
Source: Reuters


