
ကိုစ်တာရီကာ အာဏာပိုင်တွေဟာ ဂျာမနီနိုင်ငံအတွက် ထုပ်ပိုးထားတဲ့ သစ်သီးစိမ်း ကွန်တိန်နာ အတွင်း ဝှက်ထားတဲ့ ကိုကင်း ၃ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း တာဝန်ရှိသူတွေက အောက်တိုဘာ ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
သင်္ဘောကွန်တိန်နာအတွင်း အိတ်တွေထဲမှာ စုပုံထားတဲ့ မူးယစ်ဆေးဝါးတွေကို ကာရေဘီယံနိုင်ငံရဲ့ လီမွန်းပြည်နယ်ရှိ မွိုင်န် ကွန်တိန်နာဂိတ်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ကြောင်း ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက အောက်တိုဘာ ၁၉ ရက်မှာ ပြောပါတယ်။
အဲဒီကုန်သေတ္တာကြီးကို သယ်ဆောင်မောင်းနှင်လာတဲ့ အသက် ၃၂ နှစ်ရှိ ယာဉ်မောင်း အမျိုးသား တယောက်ကို ပြည်သူ့အစိုးရရှေ့နေရုံးက ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုကတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
Source: Reuters


