
အစ္စရေးကာကွယ်ရေးဝန်ကြီးက နိုဝင်ဘာ ၁၂ ရက်မှာ စစ်တပ်ရဲ့ ဘက်မလိုက်တဲ့ စရိုက်လက္ခဏာကို ထိန်းသိမ်းဖို့ ကြိုးပမ်းမှုတခုအဖြစ် အများပြည်သူသုံး တပ်မတော်ရေဒီယိုကို ပိတ်ဖို့ စီစဉ်ထားတယ်လို့ ပြောလိုက်ပါတယ်။
ဒါပေမဲ့ ရေဒီယိုလိုင်းရဲ့ အကြီးအကဲက ဝန်ကြီးရဲ့ဆုံးဖြတ်ချက်ကို သတင်းစာလွတ်လပ်ခွင့်ကို ထိုးနှက်ချက်တရပ်အဖြစ် ရှုတ်ချခဲ့ပါတယ်။
အယ်ဒီတာ့အာဘော်အရ လွတ်လပ်တဲ့ ရေဒီယိုလိုင်းကို ပိတ်ဖို့ နိုင်ငံရဲ့ လက်ယာယိမ်းအစိုးရဆီ အဆိုပြုချက်တရပ် မကြာမီ တင်သွင်းမှာဖြစ်ပြီး မတ် ၁ ရက်မှာ ရေဒီယိုထုတ်လွှင့်မှုတွေကို ရပ်ဖို့ မျှော်လင့်ထားတယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့တာပါ။
တပ်မတော်ရေဒီယိုရဲ့ အကြီးအကဲ တယ်လက်ဗ်ရမ်က ဒီလုပ်ဆောင်ချက်ကို မမျှော်လင့်ထားဘဲ စစ်သားတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးတဲ့ ပညာရှင်ဆန်တဲ့ လုပ်ငန်းစဉ်တရပ် မဖြစ်နေဘူးလို့ ပြောခဲ့ပါတယ်။
တပ်မတော်ရေဒီယိုဟာ အစ္စရေး နိုင်ငံတော်ရန်ပုံငွေနဲ့ လည်ပတ်နေတဲ့ သတင်းဌာန ၂ ခုထဲက တခုဖြစ်ပါတယ်။
နောက်တခုက ရုပ်မြင်သံကြားသတင်းချန်နယ်နဲ့ ရေဒီယိုသတင်းဌာန အများအပြားကို လည်ပတ်နေတဲ့ အများပြည်သူသုံး ရုပ်သံလွှင့်ဌာန KAN ဖြစ်ပါတယ်။ နှစ်ခုစလုံးက အစိုးရနဲ့ အယ်ဒီတာ့အာဘော်အရ လွတ်လပ်တဲ့ သတင်းဌာနတွေ ဖြစ်ပါတယ်။
Source: Reuters


