
နည်းပြ အလွန်ဆို ပြောင်းလာပြီးနောက်ပိုင်း စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းမှာ နေရာမရ ဖြစ်နေတဲ့ လူငယ်တိုက်စစ်မှူး အန်းဒရစ်က ပြင်သစ်ကလပ် လိုင်ယွန်အသင်းကို အငှားနဲ့ ထွက်ကစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အင်္ဂလန်ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ အက်စတန်ဗီလာတို့ကလည်း အန်းဒရစ်ကို အငှားနဲ့ခေါ်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ကစားသမားက လိုင်ယွန်ကိုပဲ ရွေးချယ်ခဲ့တာပါ။
ရီးရဲလ်နဲ့ လိုင်ယွန်ကြား သဘောတူညီမှုကိုတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အပြီးသတ်မယ်လို့ Goal.com သတင်းမှာ ဖော်ပြပါတယ်။
လတ်တလော သဘောတူညီချက်အရ ရီးရဲလ်မှာ ဒဏ်ရာရသူတွေရှိလာရင် အန်းဒရစ်ကို ရာသီအလယ်မှာ ပြန်ခေါ်ခွင့်အတွက်လည်း ပါရှိပါတယ်။
အသက် ၁၉ နှစ်အရွယ် ဘရာဇီးတိုက်စစ်မှူးဟာ သူ့ရဲ့ ရီးရဲလ်ကစားသမားဘဝ ပထမရာသီက နည်းပြဟောင်း အန်ဆလော့တီ လက်ထက်မှာ ၃၇ ပွဲ ကစားခဲ့ပြီး ၇ ဂိုး သွင်းခဲ့ပေမဲ့ လက်ရှိရာသီမှာတော့ ဒဏ်ရာပြဿနာနဲ့ ကြုံခဲ့ရသလို ပွဲထွက်ခွင့်မရဘဲ အရန်ခုန်မှာ အချိန်ကုန်နေရတာ ဖြစ်ပါတယ်။


