
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းမှာ မရှိတော့ကြောင်း အသင်းဂန္ထဝင် တိုက်စစ်မှူး ရော်ဘီဖောင်လာက သုံးသပ်သွားပါတယ်။
လီဗာပူးဟာ ပွဲစဉ် ၁၁ မှာ မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် အဆင့် ၁ က အာဆင်နယ်နဲ့ ၈ မှတ်အကွာ အဆင့် ၈ နေရာ ရောက်ရှိသွားတာပါ။
ပေါလ်စခိုးနဲ့ သုံးသပ်တင်ဆက်ခဲ့တဲ့ ရုပ်သံအစီအစဉ်တခုမှာ လီဗာပူးအသင်း ချန်ပီယံ ပြေးလမ်းကနေ ထွက်ခွာသွားရပြီဖြစ်ကြောင်း ဖောင်လာက သုံးသပ်ခဲ့ပြီး ပေါလ်စခိုးကလည်း ထောက်ခံခဲ့တာပါ။
လီဗာပူးအသင်းရဲ့ ကျရှုံးမှုမှာ နည်းပြ အာနဲစလော့ရဲ့ ကစားကွက်နဲ့ မကိုက်ညီတဲ့ ကစားသမားတွေကို ဝယ်ယူခဲ့တာက မှားယွင်းမှု ဖြစ်ခဲ့ကြောင်းလည်း ဖောင်လာက ထောက်ပြပါတယ်။
အသစ်ခေါ်ယူခဲ့တဲ့ ဖရင်ပေါင်ကို အာနိုးလ်နေရာအတွက် အစားဖြည့်ခဲ့တာဖြစ်ပေမဲ့ ဖရင်ပေါင်က တောင်ပံအစွန်ကစားသမားတယောက် ဖြစ်ကြောင်း၊ ကာကတ်ဇ်ဟာလည်း အသင်းကြီးတသင်းမှာ ရှိတဲ့ ဖိအားတွေကို တွန်းလှန်နိုင်ခြင်းမရှိကြောင်း ရော်ဘီဖောင်လာက ထောက်ပြ ဝေဖန်သွားပါတယ်။
Photo:Reuters


