
ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ် ခြေစွမ်းမပြနိုင်တဲ့အပေါ် ဂျာမနီနည်းပြ နာဂယ်စ်မန်းက လီဗာပူးအသင်းသားတွေကို အပြစ်တင်သွားပါတယ်။
အသက် ၂၂ နှစ်ရှိ ဂျာမန် ကွင်းလယ်ကြယ်ပွင့်ဟာ အခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ လီဗာကူဆင်ကနေ အဲဒီအချိန်က ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၁၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။
ပရီးမီးယားလိဂ် ၁၁ ပွဲ ကစားအပြီးမှာ ဂိုးသွင်းနိုင်မှု မရှိသလို ဂိုးဖန်တီးမှုပါ မရှိတဲ့ ဗက်ဇ်အပေါ် မေးခွန်းထုတ်မှုတွေ ရှိလာချိန်မှာ လီဗာပူးအသင်းသားတွေရဲ့ ခြေစွမ်းတည်ငြိမ်မှု မရှိတာကြောင့် ဖြစ်တယ်လို့ နည်းပြ နာဂယ်စ်မန်းက ပြောခဲ့တာပါ။
အခုနှစ်ရာသီမှာ လီဗာပူးအသင်း တသင်းလုံးက တည်ငြိမ်မှုမရှိတာကြောင့် ဖလော်ရီယန်ဗက်ဇ် မဟုတ်တဲ့ တခြားကစားသမားတယောက် ဆိုရင်လည်း ရုန်းကန်ရမှာဖြစ်ကြောင်း၊ ဒီလို အခြေအနေက လက်ရှိအချိန်မှာ ရလဒ်အတိမ်းအစောင်းဖြစ်ခဲ့ရတာဖြစ်ကြောင်း နည်းပြ နာဂယ်စ်မန်းက ပြောသွားပါတယ်။


