
လီဗာပူးအသင်းဟာ အားထားရတဲ့ တိုက်စစ်ကစားသမား ဆာလာကို အာဖရိကဖလား မတိုင်ခင် နောက်ဆုံးအချိန်အထိ အသုံးပြုခွင့်ရဖို့အတွက် အီဂျစ်အသင်းကို တောင်းဆိုထားပါတယ်။
အာဖရိကဖလားပြိုင်ပွဲကို အခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှာ စတင်မှာဖြစ်ပြီး အီဂျစ်အသင်းက ဒီဇင်ဘာ ၈ ရက်ကတည်းက လေ့ကျင့်မှုတွေ စတင်မှာပါ။
ဆာလာဘက်ကလည်း လီဗာပူးအတွက် နောက်ဆုံးအချိန်အထိ ကစားပေးချင်တာကြောင့် အီဂျစ်အသင်းဆီ ပူးပေါင်းမယ့်ရက်ကို ဖြစ်နိုင်သမျှ နောက်အကျဆုံး သတ်မှတ်ပေးဖို့ အီဂျစ်အသင်းနဲ့ ဆွေးနွေးမယ်လို့ သိရပါတယ်။
လီဗာပူးအသင်းဟာ ဆာလာကို ဒီဇင်ဘာ ၉ ရက်မှာ ကစားရမယ့် အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲစဉ် အပါအဝင် ဒီဇင်ဘာ ၁၃ ရက်မှာ ကစားမယ့် ဘရိုက်တန်နဲ့ပွဲစဉ်အထိ အသုံးပြုခွင့်ရဖို့ တောင်းဆိုထားတာပါ။
ဆာလာဟာ အဲဒီပွဲစဉ်တွေအထိ လီဗာပူးအသင်းမှာ ဆက်နေခွင့်ရရင်တောင် အီဂျစ်အသင်းရဲ့ နောက်တဆင့် တက်ရောက်မယ့် အခြေအနေအပေါ် မူတည်ပြီး အသင်းရဲ့ပွဲစဉ် ၈ ပွဲလောက်အထိ လွဲချော်ဖို့ ရှိနေပါတယ်။
Photo: Reuters


