
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် ပါဝင်အရွေးခံတာ၊ မဲဆွယ်စည်းရုံးတာနဲ့ မဲဆွယ်ဖို့ ကူညီပေးတာတွေ လုပ်ခဲ့ရင် မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ လုပ်ထုံးလုပ်နည်းတွေအရ အရေးယူမယ်လို့ နိုဝင်ဘာ ၁၀ ရက်က သတိပေး ထုတ်ပြန်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီကို အကြမ်းဖက်စစ်အုပ်စုအဖြစ် သတ်မှတ်ထားပြီး သူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ဖက်ဆစ်လူရွေးပွဲလို့သာ အမည်တွင်မှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ အနေနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို (ရွေးကောက်ပွဲ အကြို၊ ရွေးကောက်ပွဲ ကျင်းပစဉ်နဲ့ ရွေးကောက်ပွဲအလွန်) ကာလ ၃ ပါးစလုံးမှာ ဆန့်ကျင်သွားမှာဖြစ်ကြောင်း အတိအလင်း ထုတ်ပြန်ထားပါတယ်။


