Home
မြန်မာသတင်း
Radio NUG ထုတ်လွှင့်မှု ရပ်နား
DVB
·
November 9, 2025

အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်လွှင့်နေတဲ့  Radio NUG ထုတ်လွှင့်မှုတွေ ရပ်နားလိုက်ပြီလို့  အားပေးတဲ့ ပရိသတ်တွေကို အသိပေးကြညာထားပါတယ်။ 

၂၀၂၁ ဩဂုတ်မှ ၂၀၂၅ နိုဝင်ဘာ ၇ ရက်အထိ နေ့စဉ် ပျက်ကွက်မှုမရှိ တင်ဆက်ခဲ့တဲ့ Radio NUG အစီအစဉ်တွေကို ဘဏ္ဍာရေးအခက်အခဲ အခြေအနေတွေကြောင့်  အခု နိုဝင်ဘာ ၇ ရက်က စလို့ ရပ်နားလိုက်တာလို့ ဆိုပါတယ်။

ပြည်သူတွေထံ လေလှိုင်းကတဆင့် သတင်းအချက်အလက် တင်ပြတာ၊ ရေဒီယိုတာဝန်တွေကို ကျေပွန်ခဲ့ကြသလို ရှေ့တော်လှန်ရေးလမ်းကိုလည်း မိမိတို့ CDM ဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေက  ရောက်ရာ ကျရာနေရာကနေ ဆက်လက် တာဝန်ထမ်းဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

နွေဦးတော်လှန်ရေးနဲ့အတူ  နွေဦးစစ်သည် Radio NUG အဖွဲ့သားတွေက ဆက်လက်ပြီး အတူတကွ ရှိနေလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာပြည်တွင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ပိတ်သိမ်း၊ သတင်းသမားတွေကို ဖမ်းဆီး သတ်ဖြတ်မှုတွေ အပြင်းအထန်ပြုလုပ်နေချိန်မှာ Radio NUG  အစီအစဉ် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်လတွေအတွင်း အမေရိကန်မှာ သမ္မတဒေါ်နယ်ထရမ့်ပ် တကျော့ပြန် အာဏာရလာပြီး နောက် မြန်မာဘာသာနဲ့ ထုတ်လွှင့်နေတဲ့ လွတ်လပ်တဲ့အာရှအသံ (RFA) နဲ့ အမေရိကန်အသံ (VOA) တို့ရဲ့ ရေဒီယိုအစီအစဉ်တွေ ရပ်နားသွားခဲ့ရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013