
အင်္ဂလန်အသင်းအတွက် လူရွေးချယ်မှုက ကမ္ဘာ့ဖလားမတိုင်ခင် လာမယ့်မေလအထိ ဘာမဆို အပြောင်းအလဲ ဖြစ်နိုင်ကြောင်းနည်းပြ တူဟယ်က ပြောပါတယ်။
အင်္ဂလန်အသင်းဟာ လာမယ့် နိုင်ငံတကာရက်သတ္တပတ်အတွက် ကစားသမား ၂၃ ယောက်စာရင်း ထုတ်ပြန်ခဲ့ရာမှာ ကစားသမားသစ်တချို့ ပါဝင်လာသလို ချန်လှပ်ခံခဲ့ရတဲ့ ကစားသမားတွေလည်း ရှိခဲ့တာပါ။
ကွင်းလယ်တိုက်စစ်နေရာမှာ ဘယ်လင်ဂမ်နဲ့ ဖီးလ်ဖိုဒမ်တို့ ပြန်လည်ရွေးချယ်ခံခဲ့ရပြီး ပဲလေ့ကြယ်ပွင့် အဒမ်ဝါတန်ကိုလည်း ပြန်လည်ရွေးချယ်ခဲ့တာပါ။
မန်စီးတီးဘယ်နောက်ခံလူ နီကိုအိုရီလေးနဲ့ ဘုန်းမောက်ကြယ်ပွင့် အဲလက်စ်စကော့ကိုလည်း ပထမဆုံးအကြိမ်ရွေးချယ်ခဲ့တာပါ။
လူးဝစ်စကယ်လီ၊ ဂစ်ဘ်ဝှိုက်နဲ့ လော့တပ်ချိခ်တို့ကို ချန်လှပ်ခဲ့ပြီး ဘရိုက်တန်မှာခြေစွမ်းပြနေတဲ့ ဝဲလ်ဘက်ကို မရွေးချယ်တဲ့အပေါ်မှာလည်း ဝေဖန်မှုရှိခဲ့တာပါ။
ကစားချိန်နဲ့ စွမ်းဆောင်ရည်အရ ရွေးချယ်ခဲ့တာဖြစ်ပြီး ကစားသမားစာရင်းက လာမယ့် မေလမတိုင်ခင်အပြောင်းအလဲတွေရှိလာနိုင်သလို ကစားသမားအားလုံးအတွက် တံခါးဖွင့်ထားဆဲလို့ နည်းပြတူဟယ်က ပြောပါတယ်။
Photo:Reuters


