Home
အားကစား
ဝေးလ်ကို ၃ ဂိုးပြတ်နိုင်သည့်ပွဲ၌ အင်္ဂလန်ပရိသတ်အားပေးပုံကို နည်းပြတူဟယ် ဝေဖန်
DVB
·
October 10, 2025
Photo: Reuters

အောက်တိုဘာ ၁၀ ရက် ဒီနေ့မနက်ပိုင်းက ကစားသွားတဲ့ ဝေးလ်အသင်းနဲ့ ခြေစမ်းပွဲမှာ အင်္ဂလန်ပရိသတ်တွေရဲ့ အားပေးပုံကို နည်းပြ သောမက်စ်တူဟယ်က ဝေဖန်သွားပါတယ်။

အင်္ဂလန်အသင်းဟာ ပထမပိုင်း မိနစ် ၂၀ ကတည်းက ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး လက်ကျန်မိနစ်တွေမှာ ဂိုးထပ်မသွင်းတော့ဘဲ ၃ ဂိုး ဂိုးမရှိရလဒ် ရယူခဲ့တာပါ။

အဲဒီပွဲစဉ်မှာ အင်္ဂလန်ပရိသတ်တွေ တိတ်ဆိတ်နေခဲ့ပြီး ပရိသတ်တွေဆီကနေ ဘယ်လို စွမ်းအားမျိုးမှ မရရှိခဲ့ကြောင်း၊ အဝေးကွင်းမှာ ဝေးလ်ပရိသတ်တွေရဲ့ အားပေးပုံနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဝမ်းနည်းစရာကောင်းကြောင်း တူဟယ်က ပြောပါတယ်။

ဆားဘီးယားနဲ့ ပွဲစဉ်တုန်းက အားပေးပုံကတော့ နှစ်သက်စရာ ကောင်းမွန်ခဲ့ပေမဲ့ ဝေးလ်နဲ့ပွဲစဉ်က ပရိသတ်အားပေးပုံဟာ အသင်းရဲ့ အံ့မခန်းစွမ်းဆောင်ရည်နဲ့ ကိုက်ညီမှုမရှိကြောင်း နည်းပြ သောမက်စ်တူဟယ်က ပြောပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ အောက်တိုဘာ ၁၅ ရက်မှာ ကစားမယ့် လတ်ဗီးယားနဲ့ပွဲစဉ်မှာ အနိုင်ရမယ်ဆိုရင် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ဖို့ သေချာသွားမှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013