
မြောက်ကိုရီးယားဟာ သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကနေ ပင်လယ်ထဲကို ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က နိုဝင်ဘာ ၇ ရက်မှာ ပြောပါတယ်။
ဂျပန်ကမ်းခြေစောင့်တပ်ကလည်း သောကြာနေ့ သတိပေးချက်တခုထဲမှာ မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်တစင်း ဖြစ်နိုင်တဲ့အရာကို ပစ်လွှတ်ခဲ့ကြောင်း ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တခြားခေါင်းဆောင်တွေဟာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်အတွက် တောင်ကိုရီးယားမှာ ထိပ်သီးအစည်းအဝေးတွေနဲ့ အစည်းအဝေး အမျိုးမျိုးအတွက် စုဝေးနေခဲ့ကြတဲ့ အောက်တိုဘာလကုန်ပိုင်းတုန်းကလည်း အထီးကျန်နိုင်ငံ မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ် အနောက်ဘက်ကို ပင်လယ်မှ မြေပြင်ကို ပစ်ခတ်နိုင်တဲ့ ခရုဇ်ဒုံးကျည်တွေနဲ့ စမ်းသပ် ပစ်ခတ်ခဲ့ပါသေးတယ်။
Source: Reuters


