ထိုင်းနိုင်ငံမြောက်ပိုင်း ယဉ်ကျေးမှုမြို့တော် ချင်းမိုင်မြို့မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တဲ့ ယိပင်းပွဲတော်နဲ့ လွိုင်ကထုန်ပွဲတော်တွေဟာ နိုဝင်ဘာ ၆ ရက်ညမှာ ပြီးဆုံးသွားပြီဖြစ်ပါတယ်။
ချင်းမိုင်မြို့ရဲ့ အထင်ကရနေရာတခုဖြစ်တဲ့ မြို့ဟောင်းရဲ့ မြို့ရိုး Tha Phe Gate မှာ မနေ့ညက ထိုင်းလှပျိုးဖြူတွေက ထိုင်းရိုးရာ ဝတ်စုံတွေနဲ့ အလှပြကားတွေ လှည့်လည်ခဲ့ကြပါတယ်။
ဒီပွဲတော်ကိုတော့ ထိုင်းရိုးရာ ပြက္ခဒိန်အရ ၁၂ လမြောက်လရဲ့ လပြည့်နေ့မှာ ထိုင်းနိုင်ငံရဲ့ နေရာအနှံ့မှာ ကျင်းပလေ့ရှိပြီး ထိုင်းနိုင်ငံသားတွေကြားမှာရော ကမ္ဘာလှည့်ခရီးသွားတွေကြားမှာပါ လူသိများ ထင်ရှားပါတယ်။
လွိုင်ကထုန်ပွဲကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်ကတည်းက ဆူခိုထိုင်းခေတ် တတိယမြောက် မင်းဆက် ရာမ်ခမ်းဟိုင် ဘုရင်လက်ထက်မှာ စတင် ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
Photo: DVB



















