ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ကို ဖြတ်သန်းစီးစင်နေတဲ့ မယ့်ပင်းမြစ်ကမ်းဘေးတလျှောက်မှာ ထိုင်းလူမျိုးတွေနဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေဟာ ထိုင်းရိုးရာ နာမည်ကျော် လွိုင်ကထုန် မီးမျှောပွဲတော်ကို နိုဝင်ဘာ ၅ ရက်က ဆင်နွှဲခဲ့ကြပါတယ်။
“လွိုင်ကထုန်” ရဲ့ အဓိပ္ပာယ်ကတော့ “လွိုင်” ဆိုတာ မျှောချခြင်း၊ “ကထုန်” ဆိုတာ ပန်းဆီမီး ထည့်ထားတဲ့ဗန်းလို့ အဓိပ္ပာယ်ရပြီး မီးဖောင်မျှောပွဲလို့ ခေါ်ဆိုပါတယ်။
လွိုင်ကထုန်ပွဲကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်ကတည်းက ဆူခိုထိုင်းခေတ် တတိယမြောက် မင်းဆက် ရာမ်ခမ်းဟိုင် ဘုရင်လက်ထက်မှာ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။




















