
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်လည်းဖြစ် တက်စလာကုမ္ပဏီရဲ့ စီအီးအိုလည်းဖြစ်တဲ့ အီလွန်မတ်စ်ခ်ဟာ အံ့ဩဖွယ် AI ချစ်ပ်အကြီးစားတွေ ထုတ်လုပ်မယ့် စက်ရုံတည်ဆောက်မယ်လို့ Cybercab production က ပြောပါတယ်။
လာမယ့် ဧပြီလမှာ Intel နဲ့ တက်စလာတို့ ပူးပေါင်းပြီး AI ချစ်ပ်အကြီးစားကို တည်ဆောက်မှာဖြစ်ပြီး တက်စလာဟာ ပဥ္စမမြောက် AI ချစ်ပ်ကို ဒီဇိုင်းပြုလုပ်နေကာ ကုမ္ပဏီရဲ့ နှစ်ပတ်လည်တွေ့ဆုံပွဲမှာ အလားအလာကောင်းတဲ့ အစီအစဉ်အဖြစ် ဖော်ပြပါတယ်။
လက်ရှိအချိန်မှာ အမေရိကန် ချစ်ပ်ပြားထုတ်လုပ်တဲ့ Intel ဟာ ဈေးကွက်မှာ Nvidia နဲ့ယှဉ်ရင် နောက်ကျကျန်ခဲ့ပြီး ရုန်းကန်နေရပါတယ်။
အမေရိကန်အစိုးရကလည်း Intel ရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို မကြာခင်က ယူခဲ့တာကြောင့် Intel ဟာ နည်းပညာသစ်ထုတ်ကုန်သစ်တခု ထုတ်လုပ်ဖို့ လိုအပ်နေပါတယ်။
အီလွန်မတ်စ်ခ်ရဲ့ မှတ်ချက်အပြီးမှာ နာရီပိုင်းအတွင်းမှာ Intel ရဲ့ ရှယ်ယာဈေးနှုန်း ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။
တက်စလာရဲ့ နှစ်ပတ်လည်တွေ့ဆုံပွဲမှာ အီလွန်မတ်စ်ခ်ကို နောက် ၁၀ နှစ်အတွက် ဒေါ်လာ ၁ ထရီလီယံ ပေးမယ့် အစီအစဉ်ကိုလည်း ရှယ်ယာရှင်တွေက အတည်ပြုခဲ့ကြပါတယ်။
ဒါ့ကြောင့် အီလွန်မတ်စ်ခ်ဟာ နောက် ၁၀ အတွင်းမှာ AI နဲ့ စက်ရုပ်နည်းပညာတွေ ဖွံ့ဖြိုးအောင် ဦးဆောင်ရမှာ ဖြစ်ပါတယ်။
အီလွန်မတ်စ်ခ်ဟာ AI5 ချစ်ပ်ကို စမ်းသပ်ခဲ့ပြီး ထိုင်ဝမ်ရဲ့ TSMC နဲ့ ပူးပေါင်းဖို့နဲ့ တောင်ကိုရီးယားရဲ့ ဆမ်ဆောင်းကုမ္ပဏီနဲ့ ပူးပေါင်းဖို့လည်း ပြောဆိုခဲ့ပါသေးတယ်။
တက်စလာဟာ AI စွမ်းအင်သုံး ချစ်ပ်ပြားကို အလိုအလျောက် မောင်းနှင်တဲ့စနစ်မှာ အသုံးပြုပြီး လက်ရှိအချိန်မှာ တက်စလာရဲ့ AI ချစ်ပ်မျိုးဆက်ဟာ စတုတ္ထမြောက်မျိုးဆက်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
အီလွန်မတ်စ်ခ်ဟာ ခုံ ၂ ခုံပါပြီး စတီယာတိုင်မပါတဲ့ စက်ရုပ်တက္ကဆီကို လာမယ့် ဧပြီလမှာ စတင်ထုတ်လုပ်ဖို့ ပြင်ဆင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် နောက်ထပ်မျိုးဆက်အဖြစ် လျှပ်စစ်စွမ်းအင်သုံး Sport ကားကိုလည်း ထုတ်လုပ်မယ်လို့ ပြောပါတယ်။
Source: Reuters


