
နော်ဝေနိုင်ငံရဲ့ ကမ္ဘာ့အကြီးဆုံး ရန်ပုံငွေအဖွဲ့က တက်စလာစီအီးအို အီလွန်မတ်စ်ခ်ကို ဆုကြေးငွေပေးမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဆန့်ကျင်မဲပေးမယ်လို့ နိုဝင်ဘာ ၄ ရက်က ပြောပါတယ်။
ဒီတပတ်မှာ ကျင်းပမယ့် နှစ်ပတ်လည်အစည်းအဝေးပွဲမှာ အီလွန်မတ်စ်ခ်ကို ဒေါ်လာ ၁ ထရီလီယံ တန်ကြေးရှိတဲ့ ရှယ်ယာတွေ ပေးမယ်လို့ ပါဝင်ပါတယ်။
တက်စလာရဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ အီလွန်မတ်စ်ခ်ကို ဆုကြေးပေးမယ့်ကိစ္စနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ အတည်ပြုဖို့ မဲပေးဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ဒါဟာ စီအီးအိုတွေထဲမှာ ဆုကြေးငွေအများဆုံးရရှိတဲ့ ပမာဏ ဖြစ်လာမှာဖြစ်ပြီး ဒီလောက်များတဲ့ အစီအစဉ်က အရမ်းလွန်တယ်လို့လည်း ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
နော်ဝေနိုင်ငံရဲ့ ရန်ပုံငွေအဖွဲ့ဟာ ပြည်ပရင်းနှီးမြှုပ်နှံသူတွေထဲမှာ အကြီးဆုံးအဖွဲ့ဖြစ်ပြီး ဘယ်လိုမဲပေးမလဲ ဆိုတာကို ပြောခဲ့တာပါ။
တက်စလာကုမ္ပဏီရဲ့ နောက်ထပ် အကြီးဆုံးရင်းနှီးမြှုပ်နှံသူဖြစ်တဲ့ Baron Capital ကတော့ အီလွန်မတ်စ်ခ်ကို ထောက်ခံမဲပေးမယ်လို့ တနင်္လာနေ့က ပြောထားပါတယ်။
တက်စလာကုမ္ပဏီရဲ့ အကြီးဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ BlackRock၊ Vanguard နဲ့ State Street တို့ကတော့ သူတို့ ဘယ်လိုမဲပေးမလဲဆိုတာ ထုတ်ဖော်ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။
Source: Reuters


