Home
နိုင်ငံတကာ
Nvidia AI ချစ်ပ်များသည် အမေရိကန်အတွက် သီးသန့်ဖြစ်ကြောင်း ထရမ့်ပ် ပြော
DVB
·
November 3, 2025
Photo: Reuters

Nvidia ရဲ့ ထိပ်တန်း AI ချစ်ပ်ပြားတွေဟာ တခြားသူတွေအတွက် မဟုတ်ဘဲ အမေရိကန်နိုင်ငံအတွက် သီးသန့်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

Nvidia ကုမ္ပဏီကထုတ်တဲ့ ထိပ်တန်းချစ်ပ်ဖြစ်တဲ့ Blackwell ချစ်ပ်တွေကို အမေရိကန် ကာစတန်မာတွေကပဲ ပိုင်ဆိုင်ရမှာဖြစ်တဲ့အကြောင်း ထရမ့်ပ်က ပြောခဲ့တာပါ။

Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ထရမ့်ပ်က Nvidia ရဲ့ ချစ်ပ်ပြားတွေဟာ တခြားချစ်ပ်ပြားတွေထက် ၁၀ နှစ်လောက် အသာရနေကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ထရမ့်ပ်က ဒီချစ်ပ်ပြားတွေကို တခြားသူတွေကို ပေးမှာမဟုတ်တဲ့အကြောင်းလည်း ထပ်မံပြောဆိုခဲ့ပါတယ်။

ထရမ့်ပ်ဟာ Nvidia ကထုတ်တဲ့ ချစ်ပ်ပြားတွေကို အရင်ကလို တခြားတိုင်းပြည်တွေကို ဖြန့်ချိဖို့ တင်းကျပ်မယ့် အစီအစဉ်တွေ ရှိတယ်ဆိုတာ မှတ်ချက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒါဟာ တရုတ် အပါအဝင် တခြားကမ္ဘာ့နိုင်ငံတွေဟာ အရင်လို ခေတ်မီတဲ့ ချစ်ပ်ပြားတွေ အလွယ်တကူ အသုံးပြုနိုင်ဖို့ အတားအဆီးတခု ဖြစ်လာနိုင်ပါတယ်။

ထရမ့်ပ်နဲ့တွေ့ချိန် သတင်းထောက်တယောက်က အမေရိကန်အစိုးရအနေနဲ့ ယူကရိန်းကို တိုမာဟော့ခ် ဒုံးကျည်တွေ ပေးသွားဖို့ ရှိလားဆိုတဲ့ မေးခွန်းကို ထရမ့်ပ်က မရှိဘူးလို့ ဖြေခဲ့သလို ဒီလိုပေးဖို့ စဉ်းစားလားဆိုတဲ့ မေးခွန်းကိုလည်း မစဉ်းစားဘူးလို့ ဖြေကြားခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာက ယူကရိန်းကို လက်နက်တွေ ပေးပို့တာက စေ့စပ်ညှိနှိုင်းမှုအတွက် အကူအညီဖြစ်စေမှာ မဟုတ်ဘူးလို့ နိုဝင်ဘာ ၁ ရက်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်က ယူကရိန်းကို တာဝေးပစ် တိုမာဟော့ခ် ဒုံးကျည်တွေ ပေးမယ်လို့ သတင်းထွက်နေတာနဲ့ ပတ်သက်ပြီး ရုရှားကို RIA သတင်းအေဂျင်စီက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013