
ဖီးလ်ဖိုဒမ်ရဲ့ အကောင်းဆုံးခြေစွမ်း ပြန်လည်ရရှိပြီးဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ချီးကျူးသွားပါတယ်။
ဖိုဒမ်ဟာ ဒေါ့မွန်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ ၂ ဂိုး သွင်းယူခဲ့ပြီးနောက် သူ့ရဲ့ အကောင်းဆုံးခြေစွမ်းကို ပြန်လည်ရရှိထားပြီးဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ချီးကျူးခဲ့တာပါ။
မိမိတို့အသင်းမှာ ကွင်းလယ်ကနေ ဂိုးသွင်းနိုင်တဲ့သူတွေ လိုအပ်နေခဲ့ပြီး ဖိုဒမ်က အံ့ဖွယ် ၂ ဂိုး သွင်းယူနိုင်ခဲ့ကြောင်း၊ ဖိုဒမ်ဟာ သူ့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြန်လည်ရရှိနေပြီဖြစ်ပြီး အင်္ဂလန်နည်းပြ သောမက်စ်တူဟယ်က ဖိုဒမ် ဘယ်လောက်ကောင်းတယ်ဆိုတာ ပိုမိုသိရှိကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးဟာ ဒီပွဲအနိုင်ရလဒ်ကြောင့် ချန်ပီယံလိဂ်မှာ အဆင့် ၄ နေရာ တက်လှမ်းနိုင်ခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲ ရယူထားတဲ့ ဘိုင်ယန်၊ အာဆင်နယ်နဲ့ အင်တာတို့နဲ့ ၂ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။


