Home
အားကစား
ပရီးမီးယားလိဂ်အသင်းများ စတုတ်စီးတီးလို လက်ပစ်ဘောအသုံးပြုလာဟု  ဂွါဒီယိုလာပြော 
DVB
·
October 29, 2025
Photo :Reuters

ပရီးမီးယားလိဂ်အသင်းအားလုံးကို စတုတ်စီးတီးအသင်းနဲ့ ရင်ဆိုင်ရသလိုဖြစ်နေပြီလို မန်စီးတီး နည်းပြ ပတ်ဂွါဒီယိုလာက သုံးသပ်သွားပါတယ်။

အခုနှစ်ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်အပါအဝင် အသင်းအများစုက လက်ပစ်ဘောတွေကိုပါ ထောင့်ကန်ဘောတွေအတိုင်း ဂိုးဧရိယာထဲ ပေးပိုပြီး ဂိုးရဖို့ ကြိုးပမ်းနေကြတဲ့အပေါ် ဂွါဒီယိုလာက မှတ်ချက်ပေးသွားတာပါ။

ဒီနေ့ခေတ်မှာ တည်ကန်ဘောတွေက ခြိမ်းခြောက်မှုတခုဖြစ်လာနေပြီး တချိန်တုန်းက နည်းပြ ရှောင်ဒိုက်ရဲ့ ဘန်လေအသင်းဟာလည်း တည်ကန်ဘောနဲ့ Second Ball တွေမှာ အလွန်ကောင်းတဲ့အသင်းဖြစ်ခဲ့ကြောင်း  ဂွါဒီယိုလာက ပြောပါတယ်။

မိမိ ပရီးမီးယားလိဂ်ဆီရောက်မလာခင်က စတုတ်စီးတီးအသင်းဟာလည်း လက်ပစ်ဘောတွေနဲ့အတူ နာမည်ကြီးခဲ့ကြောင်း၊ လက်ရှိအချိန်မှာ ပရီးမီးယား လိဂ်အသင်းအားလုံးကို ရင်ဆိုင်ရတာက စတုတ်စီးတီးအသင်းနဲ့ ရင်ဆိုင်ရသလို ခံစားမိကြောင်း ဂွါဒီယိုလာက ပြောပါတယ်။

မိမိအနေနဲ့ လက်ပစ်ဘောတွေကိုအသုံးပြုပြီး ဂိုးဧရိယာထဲကို ပစ်သွင်းခိုင်းဖို့ အစီအစဉ်တော့မရှိကြောင်းနဲ့ မိမိနည်းပြဘဝမှာ ကိုယ်နည်း၊ ကိုယ့်ဟန်အတိုင်းသာ အသုံး ပြုခဲ့ကြောင်း ဂွါဒီယိုလာက ပြောသွားပါတယ်။ 

Photo: Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013