
မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံပြေးလမ်းကြောင်းထဲကို ပြန်ဝင်လာပြီဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးဟာ ရာသီအဖွင့် ၃ ပွဲမှာ ၂ ပွဲအထိ ရှုံးနိမ့်ခဲ့ပေမဲ့ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် ထိပ်ဆုံးက အာဆင်နယ်နဲ့ ၃ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။
ပရီးမီးယားလိဂ်မှာ ပွဲစဉ် ၃-၄-၅ ပွဲ လောက်နဲ့ အနာဂတ်ကို ခန့်မှန်းလို့မရကြောင်းနဲ့ ပွဲစဉ် ၁၅ လောက်အပြီးမှာ လီဗာပူးနဲ့ အာဆင်နယ်တို့ ထိပ်ဆုံးနေရာ ရောက်ရှိနိုင်သလို မိမိတို့အသင်းလည်း ထိပ်ဆုံးနေရာကို ရောက်ရှိနိုင်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးအနေနဲ့ လက်ရှိအချိန်မှာ နိုင်ပွဲဆက်မှုတွေနဲ့အတူ အရှိန်အဟုန်ကောင်းရရှိနေပေမဲ့ မိနစ် ၉၀ လုံး ခြေစွမ်းတည်ငြိမ်မူမရှိသေးကြောင်းနဲ့ ၉၅ မိနစ်လောက်အထိကောင်းမွန်တဲ့ ကစားပုံကို ဆက်ထိန်းထားနိုင်ဖို့ လိုအပ်ကြောင်း နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
Photo: Reuters




