
သေနတ်ပြပြီး ခြိမ်းခြောက်ခံခဲ့ရတဲ့ အူဒိုဂီဘက်ကနေ အပြည့်အဝေထောက်ခံကြောင်း စပါး အသင်းက ထုတ်ပြန်သွားပါတယ်။
အီတလီနောက်ခံလူဟာ သေနတ်တလက်ကိုင်ဆောင်ထားတဲ့ ဘောလုံးအေးဂျင့်တယောက်ရဲ့ သေနတ်ပြ ခြိမ်းခြောက်တာကို ခံခဲ့ရပြီး အသက် ၃၁ နှစ်အရွယ် အဆိုပါ အေးဂျင့်ကို လိုင်စင်မရှိဘဲ ကားမောင်းမှု၊ သေနတ်လက်ဝယ်ထားရှိမှု သံသယတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲက ထုတ်ပြန်ပါတယ်။
မတော်တဆမှုဖြစ်ပြီးချိန်ကတည်းကနေစတင်ပြီး အူဒိုဂီနဲ့ မိသားစုဝင်တွေဘက်ကနေ ထောက်ခံအားပေးခဲ့ပြီ ဆက်လက်ဝန်းရံပေးသွားမှာဖြစ်ကြောင်းနဲ့ အမှုစွဲဆိုမှုနဲ့ ပတ်သက်တဲ့ ကိစ္စအပေါ်မှာတော့ မှတ်ချက်ပေးဖို့ မရှိကြောင်း စပါးအသင်းရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အသက် ၂၂ နှစ်ရှိ အီတလီ လက်ရွေးစင်နောက်ခံလူဟာ ၂၀၂၂ ခုနှစ်က အူဒီးနိစ်ကနေ စပါးအသင်းကို ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပါတယ်။
Photo: Reuters


