Home
မြန်မာသတင်း
မြန်မာ ရာဇဝတ်ဂိုဏ်းဝင် ၅ ဦးကို တရုတ် သေဒဏ်ပေး
DVB
·
November 5, 2025
Photo: CCTV

မြန်မာနယ်စပ်၊ ကိုးကန့်ဒေသဘက်က အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုနဲ့ အကြမ်းဖက် ရာဇဝတ်ဂိုဏ်းဝင် လူ ၅ ယောက်ကို တရုတ်အစိုးရက နိုဝင်ဘာ ၄ ရက်မှာ သေဒဏ်ချမှတ်လိုက်တယ်လို့  တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

သူတို့ဟာ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့က တရားရုံးတခုမှာ ရုံးတင်စစ်ဆေးခံရတာဖြစ်ပြီး အခုလတ်တလော ပြစ်ဒဏ်ချမှတ်ခံရသူ ၅ ယောက် ရဲ့ ရာဇ၀တ်မှုတွေထဲမှာတော့ တရုတ်နိုင်ငံသား ၆ ယောက် သေဆုံးရတာ၊ တယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေနဲ့ တခြားသူများစွာ ထိခိုက်ဒဏ်ရာရရှိစေတာတွေကို ဖြစ်ပေါ်စေခဲ့တာတွေလည်း ပါဝင်နေတယ်လို့လည်း တရားရုံးစစ်ဆေးချက်ကို  ကိုးကားပြီး တရုတ်သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ရာဇဝတ်သားတွေဟာ ကိုးကန့်ဒေသတွင်း တရာမဝင် ရာဇဝတ်မှုလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ခြံဝင်း ၄၁ ခု တည်ဆောက်ခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့လည်းဆိုပါတယ်။

သူတို့ရဲ့ လုပ်ဆောင်ချက်တွေထဲမှာ “ဆက်သွယ်ရေးလိမ်လည်မှု၊ လောင်းကစား ရုံတွေ လည်ပတ်တာ၊ ရည်ရွယ်ချက်ရှိရှိ လူသတ်တာ၊ ပြည့်တန်ဆာလုပ်ငန်းတွေ လုပ်ကိုင်တာ၊ တခြားသူတွေကို တရားမဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေမှာ ပါဝင်ဖို့ စည်းရုံးတာတွေမှာပါ ပါဝင်ပတ်သက်နေတဲ့အကြောင်းလည်း ပြောထားပါတယ်။

ရှန်ကျန်းတရားရုံးဟာ တခြားတရားခံ ၂ ယောက်ကိုလည်း ၂ နှစ်ဆိုင်းငံ့ပြစ်ဒဏ်နဲ့ သေဒဏ် ချမှတ်ခဲ့ပြီး အဆိုပါစီရင်ချက်အရ ဒီလိုပြစ်မှုကျူးလွန်သူတွေကို မကြာခဏ ထောင်ဒဏ်တသက်တကျွန်း ချမှတ်လေ့ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါ ရာဇဝတ်လိမ်လည်မှုလုပ်ငန်းတွေဟာ မြန်မာနိုင်ငံရဲ့ ဥပဒေမဲ့နယ်စပ်ဒေသတွေမှာ ထွန်းကားနေပြီး အများစုက တရုတ်လူမျိုးတွေဖြစ်တဲ့ ဝန်ထမ်းတွေကို ခန့်အပ်ထားပြီး ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ တရားမဝင်လုပ်ငန်း အစိတ်အပိုင်းတခုဖြစ်တဲ့ အွန် လိုင်းကျားဖြန့် ရာဇဝတ်လုပ်ငန်းတွေမှာ လူတွေကို လိမ်လည်လှည့်ဖြားဖို့ အတင်းအကျပ် ခိုင်းစေခံနေကြရတာဖြစ်တယ်လို့ ဆိုပါတယ်။

မကြာသေးမီလတွေအတွင်းကတော့ တရုတ်နိုင်ငံအနေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ခဲ့ပြီး လူထောင်ပေါင်းများစွာကို တရုတ်နိုင်ငံဆီ ပြန် လည်ပို့ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ် ဧပြီလတုန်းကတော့ ကုလသမဂ္ဂက တရုတ်နိုင်ငံနဲ့ အရှေ့တောင်အာရှရာဇဝတ် ဂိုဏ်းတွေရဲ့ ကျားဖြန့်အွန်လိုင်း ဆိုက်ဘာလိမ်လည်မှုစင်တာတွေကနေတဆင့် တနှစ်ကို အမေရိကန် ဒေါ်လာဘီလီယံပေါင်းများစွာ ရရှိနေတဲ့အကြောင်း သတိပေးခဲ့သလို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က အဆိုပါလုပ်ငန်းတွေဟာ တောင်အမေရိက၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ ဥရောပနဲ့ ပစိဖိတ်ကျွန်းစုဒေသတချို့အထိ ပျံ့နှံ့သွားခဲ့တယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂက ကမ္ဘာတဝန်း ကျားဖြန့်အွန်လိုင်း လိမ်လည်မှုစင်တာတွေမှာ လူ ပေါင်း သိန်းနဲ့ချီ အလုပ်လုပ်နေကြကြောင်းလည်း ခန့်မှန်းထားပါတယ်။

Source:  Hong Kong Free Press/ Xinhua

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013