
အမေရိကန်ပြည်ထောင်စုဟာ ပင်လယ်ရေကြောင်းဆိုင်ရာ လွတ်လပ်ခွင့်ကို သေချာစွာ ကာကွယ်နိုင်ဖို့အတွက် တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံရဲ့ လှုပ်ရှားမှုကို အလွန်ကို အနီးကပ် စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။
နိုဝင်ဘာ ၁ ရက်က မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူမှာ ကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးတွေနဲ့ အလွတ်သဘော အစည်းအဝေးမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆသ်က သူ့ရဲ့ အဖွင့်မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။
ပေကျင်းဟာ သူ့မြေပုံပေါ်ရှိ မျဉ်းတကြောင်းမှတဆင့် တောင်တရုတ် ပင်လယ်တခုလုံးနီးပါးကို အချုပ်အခြာအာဏာပိုင်အဖြစ် တောင်းဆိုထားတာဖြစ်ပြီး အဲဒီမျဉ်းဟာ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ရဲ့ သီးသန့်စီးပွားရေးဇုန်တွေရဲ့ အစိတ်အပိုင်းတွေနဲ့ ထပ်တူကျနေတာပါ။
တရုတ်ဟာ အဲဒီတောင်းဆိုမှုတွေကို အကောင်အထည်ဖော်ဖို့ ကမ်းရိုးတန်းစောင့်တပ်ကို ချထားခဲ့ပြီး ဖိလစ်ပိုင်သင်္ဘောတွေနဲ့လည်း အကြိမ်ကြိမ်ထိပ်တိုက်တွေ့ခဲ့ကာ မလေးရှားနဲ့ ဗီယက်နမ်တို့ရဲ့ စွမ်းအင်လုပ်ငန်းတွေကို အနှောင့်အယှက်ပေးတယ်လို့လည်း စွပ်စွဲခံထားရပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆသ်က တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ ကျယ်ပြန့်တဲ့ နယ်မြေနဲ့ ရေကြောင်းဆိုင်ရာ တောင်းဆိုမှုတွေဟာ သူတို့ရဲ့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ ကတိကဝတ်တွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ ပြောဆိုပါတယ်။
“ဆွေးနွေးပွဲကို ကြိုဆိုပါတယ်။ ဒါပေမဲ့ အဲဒီဆွေးနွေးပွဲအတွင်းမှာ အရေးကြီးဆုံးကတော့ အလွန်နီးကပ်စွာ စောင့်ကြည့်နေပါတယ်။ ကျနော်တို့က ငြိမ်းချမ်းရေးကို ရှာဖွေနေတာဖြစ်ပြီး ပဋိပက္ခကို မရှာဖွေပါဘူး။ ဒါပေမဲ့ တရုတ်နိုင်ငံက တခြားဘယ်သူ့ကိုမှ လွှမ်းမိုးဖို့ မကြိုးစားသင့်ကြောင်းနဲ့ အာဆီယံအဖွဲ့ဝင်တွေ အနေနဲ့လည်း တောင်တရုတ်ပင်လယ်မှာ အပြုအမူဆိုင်ရာ ကျင့်ဝတ်စည်းကမ်းကို ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်” လို့ ပြောပါတယ်။
ဟဂ်ဆသ်ဟာ အရှေ့တောင်အာရှနိုင်ငံ အာဆီယံအုပ်စုကို "ရေကြောင်းနယ်ပယ်ဆိုင်ရာ အသိပညာ" ကို ဖော်ဆောင်ဖို့ မောင်းသူမဲ့ယာဉ်တွေလို ကိရိယာတွေနဲ့ အဆင့်မြင့်နည်းပညာတွေမှာ အတူတကွ မျှဝေလုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံက မတည်မငြိမ်ဖြစ်စေတဲ့ လုပ်ရပ်တွေကို ပိုတိုးမြှင့် လုပ်ဆောင်လာတာကို တန်ပြန်ဖို့ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ပြီး ရေကြောင်းတပ်ဖွဲ့တွေကို အားဖြည့်ထားဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဇက်က နိုဝင်ဘာ ၁ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ရေကြောင်းလွတ်လပ်ခွင့်ကို သေချာစေဖို့ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ လုပ်ဆောင်ချက်ကို အလွန်နီးနီးကပ်ကပ် စောင့်ကြည့်နေမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။
တရုတ် ပြည်မကြီးအစိုးရဟာ သူ့မြေပုံပေါ်က မျဉ်းကြောင်းကနေတဆင့် တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို အချုပ်အခြာအာဏာပိုင်အဖြစ် တောင်းဆိုထားတဲ့အတွက် ရေပိုင်နက်က ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ရဲ့ သီးသန့်စီးပွားရေးဇုန်တွေရဲ့ အစိတ်အပိုင်းတွေနဲ့ ထပ်တူကျနေခဲ့ပါတယ်။
တရုတ်ဟာ ဒီတောင်းဆိုချက်တွေကို အကောင်အထည်ဖော်ဖို့ ကမ်းရိုးတန်းစောင့်တပ်ကို တပ်ချထားခဲ့ပြီး ဖိလစ်ပိုင်သင်္ဘောတွေနဲ့ အကြိမ်ကြိမ် ထိပ်တိုက်တွေ့ခဲ့ပါတယ်။
မလေးရှားနဲ့ ဗီယက်နမ်တို့ရဲ့ စွမ်းအင်လုပ်ငန်းတွေကို အနှောင့်အယှက်ပေးတယ်လို့လည်း စွပ်စွဲခံထားရပါတယ်။
ဝန်ကြီးဟက်ဇက်က “အရှေ့တောင်အာရှ နိုင်ငံအုပ်စု အနေနဲ့ ရေကြောင်းနယ်ပယ်ဆိုင်ရာ အသိပညာပေးမှုကို ဖော်ဆောင်ဖို့ မောင်းသူမဲ့ယာဉ်တွေလို ကိရိယာတွေနဲ့ အဆင့်မြင့်နည်းပညာ နယ်ပယ်မှာ အတူတကွ ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဘယ်နိုင်ငံမှ ကျူးကျော်မှုကို တယောက်တည်း ရင်ဆိုင်ရမှာ မဟုတ်ဘူး”လို့ ထပ်ပြောလိုက်ပါတယ်။
အမေရိကန်ဟာ ပိုအတင့်ရဲလာတဲ့ တရုတ်နိုင်ငံကို တန်ပြန်ဖို့ အရှေ့တောင်အာရှမှာ အမေရိကန်ရဲ့ တည်ရှိမှုကို အားဖြည့်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ ခင်ဗျားတို့နဲ့အတူ ၁၀၀ ရာခိုင်နှုန်းရှိနေပြီး မျိုးဆက်များစွာအတွက် ခိုင်မာတဲ့ မိတ်ဘက်တယောက် ဖြစ်လာဖို့ ရည်ရွယ်ထားတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က အာဆီယံခေါင်းဆောင်တွေကို အောက်တိုဘာ ၂၆ ရက်မှာ ပြောပါတယ်။
Source: Reuters




