Home
မြန်မာသတင်း
စစ်အုပ်စုက ဗြိတိသျှပင်လယ်ရပ်ခြားနယ်မြေ၌ စီးပွားရေးလုပ်ပြီး အကြမ်းဖက်စစ်ဆင်ရေးကို ငွေထောက်ပံ့နေ
DVB
·
November 4, 2025
Photo: Justice For Myanmar

မြန်မာစစ်အုပ်စုဟာ ဗြိတိသျှ ပင်လယ်ရပ်ခြားနယ်မြေတွေမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီး အဲဒီ စီးပွားရေးလုပ်ငန်းတွေက ပြည်သူတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက် စစ်ဆင်ရေးကို ဘဏ္ဍာငွေ ထောက်ပံ့နေတယ်လို့ Justice For Myanmar က နိုဝင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်အုပ်စု ထိန်းချုပ်ထားတဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေဟာ ပြည်ပကုမ္ပဏီကွန်ရက်တွေကတဆင့် လုပ်ငန်းတွေ ဆက်လက်လည်ပတ်နေပြီး စစ်အုပ်စုရဲ့ အကြီးမားဆုံး နိုင်ငံခြားဝင်ငွေရင်းမြစ်ဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍကို အသက်ဆက်ပေးနေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုကိုယ်စားလှယ်တွေ ပါဝင်နေတဲ့ ကေမန်ကျွန်းစုတွေနဲ့ ဘာမြူဒါအာဏာပိုင်တွေဆီ Justice For Myanmar က ဥပဒေကြောင်းအရ တိုင်ကြားချက်များ ပေးပို့ခဲ့ပြီး ၁၈ လ ကြာမြင့်ခဲ့ပြီး နောက်ပိုင်းမှာလည်း ယူကေနိုင်ငံရဲ့ စစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကြားက မသမာစီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘာမြူဒါနဲ့ ကေမန်ကျွန်းစု အာဏာပိုင်တွေအနေနဲ့ ယူကေ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အသက်သွင်း လုပ်ဆောင်ရမှာဖြစ်ပြီး အဲဒီကုမ္ပဏီတွေကိုလည်း အပြည့်အဝ စုံစမ်းစစ်ဆေးကာ တရားမဝင် မြန်မာစစ်အုပ်စုကို သူတို့နယ်မြေအတွင်း စီးပွားရေးလုပ်ဆောင်တာကို ရပ်တန့်စေရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024