
ဟေတီနိုင်ငံမှာ နိုဝင်ဘာ ၁ ရက်က ဗူဒူးရိုးရာဓလေ့ထုံးတမ်းအရ သေလွန်သူတွေရဲ့ ပွဲတော် ခေါ် ဖတ်ဂေဒေ ပွဲတော်အထိမ်းအမှတ်အနေနဲ့ ကွယ်လွန်သွားတဲ့ ချစ်ရသူတွေကို ဂုဏ်ပြုဖို့ မြို့တော် ပို့ထ်အူပရင့်စ်က သုသာန်မှာ ဘိုးဘွားအခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။
၂ ရက်ကြာတဲ့ ပွဲတော်အတွင်း ဗူဒူးရိုးရာဓလေ့ထုံးတမ်း လိုက်နာသူတွေက နိုင်ငံတဝန်းက သုသာန်တွေမှာ စုဝေးခဲ့ကြပြီး ပရလောကသားတွေကို ဂီတ၊ အက၊ ပူဇော်သက္ကာတွေနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။
ဒီပွဲတော်ဟာ အာဖရိကဘိုးဘွားတွေရဲ့ ရိုးရာဓလေ့တွေနဲ့ ခရစ်ယာန်အလေ့အကျင့်တွေကို ပေါင်းစပ်ထားပါတယ်။ ဗူဒူး ရိုးရာဓလေ့ထုံးတမ်းဟာ ကျွန်ပြုခံရတဲ့ အာဖရိကလူမျိုးတွေနဲ့အတူ ဟေတီနိုင်ငံဆီ ရောက်လာပြီး ယနေ့တိုင် တည်တံ့နေတာ ဖြစ်ပါတယ်။
Source: Reuters


