
ကာရစ်ဘီယံဒေသထဲမှာ မူးယစ်ဆေးဝါးကုန်ကူးဂိုဏ်းတခုရဲ့ သင်္ဘောတစင်းကို အမေရိကန် စစ်တပ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး သင်္ဘောပေါ်က အမျိုးသား ၃ ယောက် သေဆုံးခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်က နိုဝင်ဘာ ၁ ရက်မှာ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ညွှန်ကြားချက်နဲ့ နိုင်ငံတကာရေပိုင်နက်မှာ လုပ်ခဲ့တဲ့ စစ်ဆင်ရေးဟာ မှောင်ခိုလမ်းကြောင်းတလျှောက် မူးယစ်ဆေးဝါး သယ်ဆောင်လာတယ်လို့ သိထားတဲ့ သင်္ဘောတစင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ မထိခိုက်ခဲ့ဘူးလို့ ကာကွယ်ရေးဝန်ကြီး ဟဂ်ဆီသ်က X လူမှုကွန်ရက်ကနေ ပြောပါတယ်။
သင်္ဘောပေါ်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တဲ့ အချိန်ကို ပြထားတဲ့ ရုပ်သံဗီဒီယိုတခုကိုလည်း ကာကွယ်ရေးဝန်ကြီးက မျှဝေခဲ့ပေမဲ့ ဗီဒီယိုရိုက်ကူးခဲ့တဲ့ နေရာနဲ့ ရက်စွဲကိုတော့ သီးခြား လွတ်လွတ်လပ်လပ် အတည်မပြုနိုင်သေးပါဘူး။
Source: Reuters


