
အမေရိကန်ရဲ့ "မူးယစ်နှိမ်နင်းရေး" စစ်ဆင်ရေးတွေကြောင့် သူတို့အသိုက်အဝန်းကြားမှာ အကြောက်တရားတွေ ပေါက်ဖွားလာလို့ စိုးရိမ်တယ်လို့ ကိုလံဘီယာငါးဖမ်းသမားတွေက အောက်တိုဘာ ၂၀ ရက်မှာ ထုတ်ပြောပါတယ်။
ဒေသတွင်းက မူးယစ်ဆေးဝါးတွေကို သယ်လာတယ်လို့ စွပ်စွဲခံထားရတဲ့ သင်္ဘောတွေကို အမေရိကန် စစ်တပ်က တိုက်ခိုက်ပြီးတဲ့နောက် အခုတော့ အထူးသဖြင့် ဗင်နီဇွဲလားနိုင်ငံနားက ကမ်းရိုးတန်းမှာ နေထိုင်သူတွေဟာ ပင်လယ်ပြင်ထဲမှာ စွန့်စားဖို့ ချီတုံချတုံဖြစ်နေတယ်လို့ တံငါသည် အယ်လ်ဘာတို ဇူနီဂါက ရှင်းပြပါတယ်။
တောင်အမေရိကနိုင်ငံ ကိုလံဘီယာအပေါ် အခွန်တိုးကောက်ပြီး ပေးချေမှုအားလုံးကို ရပ်ဆိုင်းတော့ မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အောက်တိုဘာ ၁၉ ရက် ညပိုင်းမှာ ပြောပါတယ်။
အဲဒီနေ့အစောပိုင်းမှာ ထရမ့်ပ်ဟာ ကိုလံဘီယာသမ္မတ ဂုစ်တာဗို ပေထရိုကို တရားမ၀င် မူးယစ်ဆေးဝါး ခေါင်းဆောင်လို့ ခေါ်ဆိုခဲ့ပြီးကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဇက်သ်က အမေရိကန်တပ်ဖွဲ့တွေဟာ ကိုလံဘီယာ သူပုန်အဖွဲ့နဲ့ ဆက်စပ်နေတဲ့ ရေယာဉ်ကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
သင်္ဘောဟာ သူပုန်အဖွဲ့က မဟုတ်ဘဲ မထောင်လွှားတဲ့ မိသားစုက ပိုင်တာလို့ ပေထရိုက ပြောခဲ့ပြီး သူ့အစိုးရက ထရမ့်ပ်ရဲ့ မှတ်ချက်ကို စော်ကားတာလို့ ပြောခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ နောက်ဆုံးထွက် မှတ်ချက်တွေက အမေရိကန် အစိုးရနဲ့ ကိုလံဘီယာအစိုးရတွေ ကြား ဆက်ဆံရေးမှာ နိမ့်ကျမှုအသစ် တခုကို အမှတ်အသားပြုခဲ့တာပါ။
ကိုလံဘီယာ သမ္မတဟာ တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုမှာ ပါဝင်ပတ်သက်နေတယ်လို့ ထရမ့်ပ်က စွပ်စွဲခဲ့ပါတယ်။
လူဒါဇင်ပေါင်းများစွာ သေဆုံးပြီး ဒေသတွင်း တင်းမာမှုတွေ တောက်လောင်စေခဲ့တဲ့ ကာရေဘီယံက သင်္ဘောတွေကို အမေရိကန် စစ်တပ်က တိုက်ခိုက်မှုကိုလဲ ပေထရိုက ကန့်ကွက်လိုက်ပါတယ်။
တရားရေးကျွမ်းကျင်သူတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အများအပြားကလည်း ထူးထူးခြားခြား စစ်ရေးဆောင်ရွက်မှုများကို ရှုတ်ချခဲ့ကြပါတယ်။
Source: Reuters




