
ပြင်သစ် တတိယအကြီးဆုံးမြို့တော် လီယွန်ရှိ အဖိုးတန်သတ္တုသန့်စင်စက်ရုံတခုမှာ လက်နက်ကိုင် အမျိုးသားတွေဟာ ဖောက်ခွဲရေးပစ္စည်းတွေကို အသုံးပြုကာ ဓားပြတိုက်ခဲ့ပြီးနောက်မှာ လူ ၆ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီး လော်ရန်းနူညက်ဇ်က ပြောပါတယ်။
ဒီဓားပြတိုက်မှုဟာ အောက်တိုဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီလောက်က လီယွန်ရဲ့ ပို့ကူရီ ဓာတ်ခွဲခန်းမှာ ဖြစ်ပွားခဲ့ကြောင်း အုဗာဟ်နီ ရွန်နယ့်လ်ပ်ဒေသရဲ့ စီရင်စုက လူမှုမီဒီယာ X မှာ ပြောထားပြီး သတ္တုသန့်စင် စက်ရုံဝန်ထမ်း ၂၈ ယောက်ထဲက ၅ ယောက် အသေးစား ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဆိုပါတယ်။
ခိုးယူခံရတဲ့ပစ္စည်းတွေကို အာဏာပိုင်တွေက ပြန်လည်သိမ်းဆည်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး နူညက်ဇ် က X မှာ ဆိုထားပါတယ်။
ဓားပြတိုက်မှုဖြစ်ပွားရာနေရာအနီးရှိ အဆောက်အအုံ ပြတင်းပေါက်မှ သက်သေအဖြစ် အလွတ်သဘော ရိုက်ကူးထားတဲ့ ဗီဒီယိုတခုထဲမှာ ရိုင်ဖယ်သေနတ်တွေ ကိုင်ဆောင်ထားတဲ့ အနက်ရောင်ဝတ် အမျိုးသားတွေဟာ အဖြူရောင်ဗင်ကားတစီးထဲကို ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီး ကားရဲ့နောက်ခန်းထဲ အိတ်တွေထည့်နေတာကို ပြသထားပါတယ်။
လုယက်မှုကနေ ပြန်လည်ရရှိခဲ့တဲ့အထဲမှာ ယူရို ၁၂ သန်း (ဒေါ်လာ ၁၃ ဒသမ ၈၇ သန်း) တန်ဖိုးရှိ ရွှေချောင်းတွေ ပါဝင်တယ်လို့ ပြင်သစ်မီဒီယာတွေမှာ ဖော်ပြပါတယ်။
Source: Reuters


