Home
မြန်မာသတင်း
ရွေးကောက်ပွဲဝါဒဖြန့် အနုပညာရှင်များကို လူမှုရေးပြစ်ဒဏ်ခတ်ရန် မြို့ပြအင်အားစုများ တိုက်တွန်း
DVB
·
October 29, 2025

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို ထောက်ခံအားပေးကူညီပြီး ဝါဒဖြန့်ဖို့ ကူညီပေးခဲ့တဲ့ သရုပ်ဆောင်တွေကို သပိတ်မှောက်ပြီး လူမှုရေးပြစ်ဒဏ် ပြင်းပြင်းထန်ထန် ပြုလုပ်ကြဖို့ ရန်ကုန်မြို့ပြတော်လှန်ရေးအင်အားစုတွေက အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

တော်လှန်ရေးအဖွဲ့တခုရဲ့ တာဝန်ရှိသူကတော့ “အဓိကကတော့ ပြည်သူကို ဂျင်းထည့်ပြီး လူထုနဲ့ အရေးတော်ပုံကို စော်ကားမှုတွေလုပ်ခဲ့တဲ့ အညံ့စား ဝါဒဖြန့် အနုပညာသမားဆိုသူတွေကို ပြည်သူများက ပြင်းပြင်းထန်ထန် Boycott & Social Punishment လုပ်ကြဖို့ ရည်ရွယ်ပါတယ်။ Boycott & Social Punishments လုပ်တယ်ဆိုတာ ဒီလူတွေရဲ့ လုပ်ငန်းတွေ အားမပေးတာ၊ ကြော်ငြာရိုက်တဲ့ ကုန်ပစ္စည်းတွေကို မသုံးတာ၊ စာချုပ်ချုပ်တဲ့ လုပ်ငန်းတွေကို ကြဉ်ဖယ်တာ၊ Social media acc တွေမှာ Follow ထားရင်ဖြုတ်၊ Like, Comment မပေးတာ၊ ဒီလူတွေနဲ့ ပတ်သက်တဲ့ ပတ်ဝန်းကျင်၊ လုပ်ငန်း၊ ထုတ်ကုန် အားလုံးကို ပြည်သူက လုံးဝ အသုံးမပြုဘဲ ကြဉ်ဖယ်ထားတာဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

ဝါဒဖြန့်ဇာတ်လမ်းမှာ ပါဝင်တဲ့ သရုပ်ဆောင် နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်၊ ခြူးလေး၊ မေမြင့်မိုရ်၊ အောင်ခိုင်၊ ငှက်ပျောကြော်၊ အောင်တိုး၊ နိုင်လင်း၊ သွက်လက်၊ စူပါလင်း၊ မင်းညို၊ ဥက္ကာပျံရီ၊ ရဲရင့်၊ ရောပျော်၊ အောင်ဇင်ဖြိုး တို့ကို လူမှုရေးပြစ်ဒဏ်တွေ ခတ်ကြဖို့အပြင် UG အဖွဲ့တွေအနေနဲ့လည်း ပြင်းပြင်းထန်ထန် စတင်အရေးယူမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ထုတ်ပြန်‌ကြေညာချက်ကိုတော့ Yangon Army (YA)၊ Dark Shadow၊ Operation Flame(OF)၊ Mother Son Yangon Force နဲ့ Broken System စတဲ့ မြို့ပြတော်လှန်ရေး အဖွဲ့တွေက ပူးပေါင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013