
အာဆီယံခေါင်းဆောင်တွေဟာ နိုင်ငံစုံနဲ့ နှစ်နိုင်ငံချင်း ကုန်သွယ်ရေးဆွေးနွေးပွဲတွေအပြီး အောက်တိုဘာ ၂၇ ရက်မှာ Asean+3 ထိပ်သီးဆွေးနွေးပွဲအဖြစ် အရှေ့အာရှခေါင်းဆောင်တွေနဲ့ ဆက်လက်တွေ့ဆုံခဲ့ပါတယ်။
အာဆီယံ ၁၁ နိုင်ငံနဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့ ပါဝင်တဲ့ ဆွေးနွေးမှုမှာတော့ စည်းကြပ်ခွန် သက်ရောက်မှုတွေနဲ့ ကျားဖြန့် ငွေလိမ်ဂိမ်းတွေကိစ္စက အဓိက လွှမ်းမိုးနေမယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
အရှေ့အာရှစီးပွားရေးဟာ မြင့်မားတဲ့ စည်းကြပ်ခွန်ကြောင့် ဖြစ်တဲ့ အနှောင့်အယှက်တွေ အပါအဝင် နိုင်ငံတကာ ကုန်သွယ်ရေးအခင်းအကျင်းရဲ့ ရှုပ်ထွေးတဲ့ အပြောင်းအလဲတွေကြောင့် မြင့်တက်လာတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်လို့ တရုတ်ဝန်ကြီးချုပ် လီချန်းက ပြောပါတယ်။
အောက်တိုဘာ ၂၆ ရက်က စတင်တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ၃ ရက်ကြာ ကျင်းပနေပြီး ဒီနှစ်မှာ အရှေ့တီမောနိုင်ငံ အဖွဲ့ဝင်ဖြစ်လာတာကြောင့် အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
Source: Reuters




