
ကနေဒါနိုင်ငံအပေါ် အခွန် ၁၀ ရာခိုင်နှုန်းတိုးမြှင့် သတ်မှတ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
အထင်မှားစေတဲ့ ကြော်ငြာတခုကြောင့် ကနေဒါနဲ့ ကုန်သွယ်ရေးဆွေးနွေးမှုကို အဆုံးသတ်လိုက်ပြီလို့ ကြေညာခဲ့ပြီးနောက်ပိုင်း ၂ ရက်အကြာမှာ အခုလို အခွန်ထပ်တိုးခဲ့တာပါ။
ရီပတ်ဘလစ်ကန်သမ္မတဟောင်း ရော်နယ်ရေဂင်ရဲ့ ကုန်သွယ်ခွန်တွေဟာ ကုန်သွယ်ရေးစစ်နဲ့ စီးပွားရေးဘေးအန္တရာယ်ကို ဖြစ်စေတယ်ဆိုတဲ့ ဗွီဒီယိုကို ကနေဒါမှာ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
“ရော်နယ်ရေဂင်ဟာ အမျိုးသားလုံခြုံရေးနဲ့ စီးပွားရေးရည်ရွယ်ချက်တွေအတွက် အခွန်တိုးမြှင့်တာကို ချစ်သူတယောက်ပါ။ ဒါပေမဲ့ ကနေဒါက အဲ့လိုမဟုတ်ဘူး”လို့ ပြောပါတယ်။
သူတို့ရဲ့ ကြော်ငြာကို ချက်ချင်းပိတ်ချလိုက်ဖို့ ပြောခဲ့ပေမဲ့ ကနေဒါဘက်က မနေ့က World Series မှာ ထပ်ပြီး ထုတ်လွှင့်ခဲ့ပါသေးတယ်။
ဒီကြော်ငြာနဲ့ပတ်သက်ပြီး ထရမ့်ပ်က “ဒါက လိမ်လည်မှု၊ အချက်အလက်တွေ မှားယွင်းတဲ့ ဖော်ပြမှုနဲ့ ရန်လိုမှုတွေပဲဖြစ်တယ်၊ ကနေဒါကို အခွန် ၁၀ ရာခိုင်နှုန်းထပ်တိုးကောက်ခံမှာပါ” လို့ ဆိုရှယ်မီဒီယာမှာ ပြောပါတယ်။
ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးကတော့ ကနေဒါနိုင်ငံဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးကိစ္စ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ သောကြာနေ့က ပြောထားပါတယ်။
အမေရိကန်ကုန်သွယ်ရေးဌာန၊ အိမ်ဖြူတော်နဲ့ ကနေဒါအစိုးရအဖွဲ့တို့ကတော့ အခွန်တိုးကောက်မယ့် ကိစ္စနဲ့ပတ်သက်ပြီး ချက်ချင်းမှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
Source: Reuters




