Home
နိုင်ငံတကာ
ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေးစာချုပ်တွင် လက်မှတ်ထိုးမည်ဟု ထရမ့်ပ် ပြော
DVB
·
October 26, 2025
Photo: REUTERS/Evelyn Hockstein

ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားတို့ကြား ငြိမ်းချမ်းရေး သဘောတူညီချက်မှာ လက်မှတ်ထိုးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

ထရမ့်ပ်ဟာ မလေးရှားနိုင်ငံကို ရောက်ရောက်ချင်း သူ့ရဲ့ Truth Social မီဒီယာမှာ ပို့စ်တင်ထားပြီး ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ အပစ်အခတ်ရပ်စဲအောင် ကြားဝင်စေ့စပ်ပေးတာကို ဂုဏ်ယူတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ထိုင်းဘုရင့် မယ်တော် နတ်ရွာစံတာနဲ့ပတ်သက်လို့လည်း ဝမ်းနည်းကြောင်း သဝဏ်လွှာ ထရမ့်ပ်က ပေးပို့ခဲ့ပါတယ်။ 

ထရမ့်ပ်ဟာ အောက်တိုဘာ ၂၄ ရက်က အမေရိကန်နိုင်ငံကနေ ထွက်ခွာလာခဲ့ပြီး မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတွေကို ၅ ရက်ကြာ ခရီးစဉ်သွားရောက်မှာ ဖြစ်ပါတယ်။ ဒါဟာ ဇန်နဝါရီလက စပြီး သမ္မတရာထူးကို ပြန်လည်လက်ခံပြီးနောက်ပိုင်း ရက်အကြာဆုံးနဲ့ ပထမအာရှခရီးစဉ်လည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ နယ်စပ်ပြဿနာများနဲ့ပတ်သက်ပြီး အဆုံးသတ်ဖို့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။ ဒီသဘောတူစာချုပ်ကို အာဆီယံထိပ်သီး အစည်းအဝေးပွဲအတွင်း လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013