
ထိုင်းဘုရင့်မယ်တော် မိဖုရားကြီး သီရိခေတ် နတ်ရွာစံပြီးနောက်ပိုင်းမှာ ပုဂ္ဂလိက ပျော်ပွဲရွှင်ပွဲတွေနဲ့ ဖျော်ဖြေရေး အခမ်းအနားတွေကို ပိတ်ပင်ထားတာမျိုး မရှိဘူးလို့ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက အတည်ပြု ပြောကြားလိုက်ပါတယ်။
ပွဲခံတာတွေကို မတားမြစ်ပေမဲ့ တနိုင်ငံလုံး ကြေကွဲဝမ်းနည်းနေရတဲ့ အခြေအနေကို ထင်ဟပ်စေဖို့ ပွဲစီစဉ်သူတွေအနေနဲ့ ကိုယ့်ပွဲရဲ့ အနေအထားကို ကိုက်ညှိကြဖို့တော့ ဝန်ကြီးချုပ်က နှိုးဆော်ထားပါတယ်။
ပွဲလမ်းသဘင်တွေကို သင့်လျော်သလို လျှော့ချဖို့ ဒါမှမဟုတ် ပြုပြင်မွမ်းမံဖို့ ဖျော်ဖြေရေးကဏ္ဍက ပူးပေါင်းဆောင်ရွက်ဖို့လည်း သူက တောင်းဆိုထားပါတယ်။
“ဂီတဖျော်ဖြေပွဲတွေ၊ ပွဲလမ်းစုဝေးမှုတွေကို မပိတ်ထားပါဘူး” လို့ အနုထင်းက အစိုးရအိမ်တော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
မင်္ဂလာဆောင်လိုမျိုး ရိုးရာအခမ်းအနားတွေ ဆက်လက်ဆောင်ရွက်လို့ ရ၊ မရ မေးမြန်းရာမှာလည်း ဝန်ကြီးချုပ်က ယဉ်ကျေးမှုနဲ့ ဘာသာရေး အခမ်းအနားတွေကို ထုံးစံအတိုင်း ဆောင်ရွက်နိုင်တယ်လို့ အတည်ပြုခဲ့ပါတယ်။
အရက်ရောင်းချမှုနဲ့ နေရာဖွင့်လှစ်ချိန်တွေကတော့ အပြောင်းအလဲမရှိပေမဲ့ အရမ်းဆူဆူညံညံ ပျော်ပွဲရွှင်ပွဲ မလုပ်ကြဖို့တော့ လုပ်ငန်းရှင်တွေကို ဝန်ကြီးချုပ်က တိုက်တွန်းထားပါတယ်။
Source: Reuters


