Home
နိုင်ငံတကာ
သက်ဆင် ဆွေမျိုးထဲမှ ဝန်ကြီးချုပ်လောင်း မရွေးတော့ဟု ဖွေ့ထိုင်းပါတီ အတည်ပြု
DVB
·
October 8, 2025
Thai court issues verdict on the legality of former PM Thaksin Shinawatra's six-month hospital stay, in Bangkok

နောက်လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ဖွေ့ထိုင်းပါတီရဲ့ ဝန်ကြီးချုပ်လောင်းတွေအဖြစ် ရှင်နာဝပ် မိသားစုဝင် ဘယ်သူ့ကိုမှ ရွေးချယ်တော့မှာ မဟုတ်ဘူးလို့ ပါတီခေါင်းဆောင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ သမီး၊ ဝန်ကြီးချုပ်ဟောင်း ဖဲထောင်ထန်း ရှင်နာဝပ်က အတည်ပြု ပြောပါတယ်။

“ဖွေ့ထိုင်းပါတီနဲ့ ထိုင်းနိုင်ငံကို အလုံးစုံပြုပြင်ပြောင်းလဲရေး” ဆိုတဲ့ ပါတီအစည်းအဝေး မိန့်ခွန်းအပြီးမှာ သတင်းထောက်တွေက မေးမြန်းရာမှာ “ဒီတကြိမ်တော့ မိသားစုထဲက ဘယ်သူမှ မပါပါဘူး” လို့ သူက အတိအလင်း ပြောခဲ့တာပါ။

ဝန်ကြီးချုပ်လောင်း ၃ ယောက်ကို ရွေးချယ်ပြီးဖြစ်ပေမဲ့ မီဒီယာတွေ စိတ်ဝင်စားနေအောင် လျှို့ဝှက်ထားဦးမယ်လို့ ဆိုပါတယ်။

ပါတီတွင်း ပြဿနာတွေနဲ့ အမတ်တချို့ ဘက်ပြောင်းမှုတွေကြောင့် ဖွေ့ထိုင်းပါတီရဲ့ အခြေအနေအပေါ် သံသယတွေရှိနေချိန်မှာ ဒီကြေညာချက် ထွက်ပေါ်လာတာပါ။

ဖဲထောင်းထန်း ကတော့ ဒီလိုဝေဖန်မှုတွေဟာ ပါတီကို ပိုကောင်းအောင်လုပ်ဖို့ အခွင့်အရေး ဖြစ်တယ်လို့ ပြောပါတယ်။

ဘက်ပြောင်းသွားတဲ့ အမတ်တွေနဲ့ ပတ်သက်ပြီး “တခါတလေ သွေးဟောင်းထွက်မှ သွေးသစ်ဝင်တယ်” လို့ မှတ်ချက်ပေးခဲ့ပေမဲ့ ပါတီကနေ ထွက်ခွာသွားသူတွေကိုလည်း “ကိုယ့်အိမ်က နွေးထွေးပြီး အမြဲတမ်း ပြန်လာဖို့ ကြိုဆိုနေပါတယ်” လို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ပါတီရဲ့ အမှားအယွင်းဟောင်းတွေကနေ သင်ခန်းစာယူပြီး နိုင်ငံသားတွေ ကောင်းကောင်းနေထိုင်နိုင်ရေးဆိုတဲ့ မူလရည်မှန်းချက်အတိုင်း ရှေ့ဆက်ဖို့ အပြည့်အဝ ကတိကဝတ် ပြုထားတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013