
ရုရှားနိုင်ငံ အနောက်အလယ်ပိုင်း ယူရယ်လ်တောင်တန်းဒေသရှိ ချယ်လ်ယဘင့်စ်ခ်မြို့အနီးရှိ စစ်ဘက်စက်ရုံတရုံမှာ အောက်တိုဘာ ၂၂ ရက်က ပေါက်ကွဲမှုတခု ဖြစ်ပွားပြီးနောက် သေဆုံးသူဦးရေဟာ ၁၂ ယောက်အထိ မြင့်တက်လာပြီး ဒဏ်ရာရသူ ၅ ယောက်ရှိကြောင်း ရုရှားနိုင်ငံရဲ့ အိုက်ဗစ်ဇ်တီယာ သတင်းဌာနက အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ရွေ့လျားနေတဲ့ မော်တော်ယာဉ်ကနေ ရိုက်ကူးထားပြီး ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုဖိုင်တခုမှာတော့ ကြီးမားတဲ့ မီးလုံးကြီးတခု ကောင်းကင်မှာ ထွက်ပေါ်နေတာကို တွေ့ရပါတယ်။
သီးခြားစောင့်ကြည့်ရေး ဗီဒီယိုတွေမှာ ကောင်းကင်မှာ လင်းထိန်နေပြီး ပေါက်ကွဲတဲ့အချိန်မှာ ပေါက်ကွဲသံ ကြားရပါတယ်။
ပေါက်ကွဲမှုဟာ ချယ်လ်ယဘင့်စ်ခ်မြို့ အရှေ့ဘက်နား ကိုက်ပေ့စ်ခ်မြို့ရှိ စက်ရုံတခုမှာ ဖြစ်ပွားခဲ့တာလို့ ချယ်လ်ယဘင့်စ်ခ်ဒေသ အုပ်ချုပ်ရေးမှူး အာလက်ခ်ဆီး တက်ခ်စ်လရ်က သူ့ရဲ့ တယ်လီဂရမ်မှာ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပြီး စက်ရုံနာမည်ကိုတော့ မဖော်ပြထားပါဘူး။
စက်ရုံရှိ မီးလောင်မှုကို ငြှိမ်းသတ်နိုင်ခဲ့ပြီး ဒီဖြစ်ရပ်ဟာ ဒရုန်းလှုပ်ရှားမှုနဲ့ ဆက်စပ်မှု မရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။
Source: Reuters




