
ဟားမတ်စ်တိုက်ခိုက်မှု ဒုတိယမြောက် နှစ်ပတ်လည်နေ့ဖြစ်တဲ့ အောက်တိုဘာ ၇ ရက် မနက်အစောပိုင်းမှာ ပေါက်ကွဲသံတွေ ပဲ့တင်ထပ်နေတဲ့ ဂါဇာရဲ့ ကောင်းကင်တခွင်မှာ မီးတောက်တွေ ဖြာထွက်နေပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ် ကိုယ်စားလှယ်အဖွဲ့တွေဟာ အောက်တိုဘာ ၆ ရက်မှာ အီဂျစ်နိုင်ငံမှာ ကျင်းပတဲ့ တဆင့်ခံ စေ့စပ်ဆွေးနွေးမှု ပထမနေ့ကို ကျင်းပခဲ့ပြီး ဂါဇာမှာ စစ်ပွဲရပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစီအစဉ်ထဲက အစ္စရေးက တပ်တွေရုပ်သိမ်းဖို့နဲ့ ဟားမတ်စ်တွေကို လက်နက်ဖြုတ်သိမ်းရေး တောင်းဆိုချက်တွေလို အငြင်းပွားစရာ ပြဿနာတွေနဲ့ နပန်းလုံးနေခဲ့ပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့ နှစ်ဖက်စလုံးက ထရမ့်ပ်ရဲ့ အစီအစဉ် နောက်ကွယ်က အခြေခံမူတွေကို ထောက်ခံခဲ့ကြပါတယ်။
အခြေခံမူတွေထဲမှာ တိုက်ပွဲတွေကို ရပ်တန့်ရင်း ဓားစာခံတွေကို လွှတ်ပေးပြီး ဂါဇာကမ်းမြောင်ဆီ အကူအညီတွေပေးဖို့ ပါဝင်ပါတယ်။
ဆွေးနွေးပွဲအတွက် ဂါဇာကမ်းမြောင်ဒေသကို ဗုံးကြဲတိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားဖို့ ထရမ့်ပ်က အစ္စရေးကို တွန်းအားပေးခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသခံတွေကတော့ အစ္စရေးက ထိုးစစ်ကို လုံးဝမရပ်ပေမဲ့ ထိုးစစ်ကို သိသိသာသာ အရှိန်လျှော့လိုက်တယ်လို့ ပြောခဲ့ကြပါတယ်။
Source: Reuters




