Home
အားကစား
ချဲလ်ဆီးအသင်းကို တာဝန်ယူခွင့်ရရန် အိပ်မက်ဖြစ်ဟု ဂျွန်တယ်ရီပြော
DVB
·
October 24, 2025
Photo :Reuters

တချိန်မှာ ချဲလ်ဆီးအသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူခွင့်ရဖို့က အိပ်မက်တခု ဖြစ်ကြောင်း အသင်းဂန္ထဝင်နောက်ခံလူ ဂျွန်တယ်ရီက ပြောပါတယ်။

ဂျွန်တယ်ရီဟာ အက်စ်တန်ဗီလာအသင်းကို လက်ထောက်နည်းပြအဖြစ်တာဝန်ယူခဲ့သလို ချဲလ်ဆီးအကယ်ဒမီမှာလည်း နည်းပြတယောက် အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ 

လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပေမဲ့ အနာဂတ်မှာ ချဲလ်ဆီးအသင်းရဲ့ နည်းပြဖြစ်လာဖို့က အသင်းနဲ့အတူ မိမိရဲ့နောက်ဆုံးအိပ်မက်ဖြစ်ကြောင်း တယ်ရီက ပြောပါတယ်။ 

အသက် ၄၄ နှစ်ရှိ တယ်ရီဟာ အသင်းအတွက် ၇၁၇ ပွဲအထိကစားပေးခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ၂ ကြိမ်အပါအဝင်၊ ဥရောပချန်ပီယံလိဂ်ဆုဖလားတလုံးလည်း ရယူပေးနိုင်ခဲ့သူပါ။ 

လက်ရှိ အချိန်မှာ အသင်းတသင်းကို တာဝန်ယူဖို့ ဆန္ဒရှိနေပြီး အမြဲတမ်းသင်ယူလေ့လာနေကြာင်းလည်း တယ်ရီက ပြောသွားပါတယ်။ 

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013