
ဒူးဒဏ်ရာရခဲ့တဲ့ ချဲလ်ဆီးကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ဟာ အာဂျင်တီးနားလူစာရင်းကနေ နုတ်ထွက်သွားပါတယ်။
အောက်တိုဘာ ၁၁ ရက်က ကစားခဲ့တဲ့ ဗင်နီဇွဲလားကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ အန်ဇိုက ပွဲထွက်ကစားခဲ့ပေမဲ့ ပွဲချိန် ၇၈ မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။
ပွဲအပြီး စစ်ဆေးချက်တွေအရ ညာဒူးဒဏ်ရာရရှိခဲ့ပြီး ပြန်လည်ကောင်းမွန်ဖို့ အတွက် အနားယူဖို့ လိုအပ်တာကြောင့် လူစာရင်းကနေ ပြန်လည်စေလွှတ်လိုက်တာဖြစ်ကြောင်း အာဂျင်တီးနားအသင်းဘက်က ထုတ်ပြန်ပါတယ်။
ချဲလ်ဆီးအသင်းမှာ နောက်ခံလူ ရိစ်ဂျိမ်းစ်ဟာလည်း ဒဏ်ရာကြောင့် အင်္ဂလန်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ပြီး ကိုးလ်ပါလ်မာဟာလည်း အနားယူနေရချိန်မှာ နောက်ထပ်အဓိက ကစားသမားတယောက် ထပ်မံဆုံးရှုံးခဲ့ရတာပါ။
ဒါ့အပြင် တိုက်စစ်မှူး ဒလတ်ပ်အပါအဝင် ကစားသမား ၆ ယောက်လည်း ဒဏ်ရာကြောင့် အနားယူနေရပါတယ်။




