
နိုင်ငံအသင်းဖော် အမ်ဘာပေ အနေနဲ့ တချိန်မှာ ဘလွန်းဒီအောဆုကို ရယူနိုင်ဖို့ မျှော်လင့်ကြောင်း ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီလီက ပြောသွားပါတယ်။
ဒမ်ဘီလီဟာ မနှစ်က ပီအက်စ်ဂျီအသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ် ဆုဖလား ရယူနိုင်ခဲ့ပြီးနောက် ဘလွန်းဒီအောဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာပါ။
အမ်ဘာပေအနေနဲ့ လက်ရှိရာသီကို အကောင်းဆုံးခြေစွမ်းနဲ့ ဖြတ်သန်းနေပြီး ဂိုးတွေလည်း သွင်းနေတာကြောင့် ဆက်လက်ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်တယ်လို့ ဒမ်ဘီလီက ပြောပါတယ်။
အမ်ဘာပေက အသင်းဖော်တယောက်အပြင် သူငယ်ချင်းတယောက်လည်း ဖြစ်တာကြောင့် အနာဂတ်မှာ သူနဲ့ထိုက်တန်မှုရှိတဲ့ ဘလွန်းဒီအောဆု ရယူနိုင်ဖို့ မျှော်လင့်ကြောင်း ဒမ်ဘီလီက ပြောသွားပါတယ်။
ဒမ်ဘီလီနဲ့ အမ်ဘာပေ တို့ဟာ နိုင်ငံအသင်းမှာ အတူကစားနေကြပေမဲ့ ပီအက်စ်ဂျီမှာ တရာသီပဲ အတူကစားခဲ့ဖူးပါတယ်။




