
အဇာဘိုင်ဂျန်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တိုက်စစ်မှူး အမ်ဘာပေ ခြေကျင်း ဝတ်ဒဏ်ရာရသွားခဲ့ကြောင်း နည်းပြ ဒက်စ်ရွှန့်စ်က ပြောသွားပါတယ်။
အသင်းခေါင်းဆောင် အမ်ဘာပေဟာ အဇာဘိုင်ဂျန်နဲ့ပွဲမှာ ဦးဆောင်ဂိုးသွင်းခဲ့သလို ရာဘီယူး ရဲ့ဒုတိယဦဆောင်ဂိုးကိုလည်း ဖန်တီးပေးခဲ့သူဖြစ်ပြီ ပွဲချိန် ၈၃ မိနစ်မှာ ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာပါ။
အမ်ဘာပေဟာ ပွဲပြီးလို့ အနားယူချိန်မှာလည်း နာကျင်မှုဝေဒနာ ခံစားခဲ့ရပြီး အခြေအနေအသေးစိတ်ကို ဆက်လက်စစ်ဆေးသွားရမှာဖြစ်ကြောင်း နည်းပြ ဒက်စ်ရွှန့်စ်က ပြောပါတယ်။
ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ် ၃ ပွဲစလုံး အနိုင်ရထားပြီး လာမယ့် အောက်တိုဘာ ၁၄ ရက်မှာ အိုက်စ်လန်အသင်းနဲ့ အဝေးကွင်းပွဲစဉ်အဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာပါ။
Photo: Reuters




