
မန္တလေးကနေ နေပြည်တော်ကို ထွက်ခွာလာတဲ့ ရွှေအိုးစည်ခရီးသည်တင်ယာဥ်တစီး စက်တင်ဘာ ၃ ရက် ဒီနေ့ညနေ ၃ နာရီက ဥတ္တရသီရိမြို့ဝင် တောင်ညို - ကျွဲရှင်းလမ်းဆုံမှာ အရှိန်လွန်ပြီး ချောက်ထဲကျသွားတာကြောင့် အမျိုးသား ၂ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုခံတွေဆီက သိရပါတယ်။
ဒီကနေ့ ညနေ ၃ နာရီက တောင်ညို - ကျွဲရှင်းလမ်းဆုံမှာ ရွှေအိုးစည်ခရီးသည်တင်ယာဥ်ဟာ အရှိန်လွန်ပြီး ဆိုင်ကယ်ပြင်ဆိုင်ကို ဝင်တိုက်ကာ ချောက်ထဲကျသွားတာလို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။
“Express ကားက အရှိန်လွန်ပြီး လမ်းဘေးဆိုင်ကယ်ပြင်ဆိုင်ကို ဝင်တိုက်ပြီး ချောက်ထဲကျတာ။ ၂ ယောက်သေတယ်၊ ၇ယောက် ဒဏ်ရာရတယ်။”
“ဆိုင်ကယ်ပြင်ဆိုင်က အမျိုးသားသေတယ်၊ သူမိသားစုဝင် ၃ ယောက် ဒဏ်ရာရတယ်။ ကား ပေါ်က ၁ ယောက်သေတယ်၊ ၄ ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ ၇ ယောက်လုံး ခုတင် ၁၀၀၀ မှာ။”
အဆိုပါယာဥ်မှောက်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး ရွှေအိုးစည်ခရီးသည်တင်ယာဥ်မောင်းကို ဥတ္တရသီရီမြို့နယ်ရဲစခန်းက စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။