
သီရိလင်္ကာနိုင်ငံရဲ့ အဓိကအတိုက်အခံပါတီ ဥက္ကဋ္ဌ လာစန်သာ ဝစ်ကရာ မဆေကရာကို အမည်မသိ သေနတ်သမားတယောက်က အောက်တိုဘာ ၂၂ ရက်က အသေပစ်သတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
သီရိလင်္ကာတောင်ပိုင်း ကမ်းရိုးတန်းမြို့ ဝေလိဂါမာရှိ သူ့ရဲ့ရုံးခန်းမှာ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံနေချိန်မှာ မျက်နှာဖုံးဝတ်ထားပြီး ဆိုင်ကယ်ဦးထုပ် ကိုင်ဆောင်လာတဲ့ သေနတ်သမားက သူ့ကို အနီးကပ် ပစ်သတ်လိုက်ကာ တခြားသူတယောက်နဲ့အတူ ဆိုင်ကယ်စီးကာ ထွက်ပြေးသွားတဲ့ စီစီတီဗီ မှတ်တမ်းကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ် ဥက္ကဋ္ဌကို ပစ္စတိုတလက်နဲ့ ပစ်သတ်ခဲ့ပြီး သံသယရှိသူမှာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားခဲ့လို့ လိုက်လံဖမ်းဆီးနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
Source: Reuters




