
သီရိလင်္ကာနိုင်ငံရဲ့ ရှေးဟောင်းတော်ဝင်မြို့တော် ကူရုံနီဂါလာမှာ ကေဘယ်လ်ကားသိုင်းကြိုး ပြတ်ကျခဲ့လို့ နိုင်ငံခြားသား ၃ ယောက် အပါအဝင် ဗုဒ္ဓဘာသာဘုန်းကြီး ၇ ပါး ပျံလွန်သွားခဲ့ကြောင်း ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
သံဃာတော် ၁၃ ပါးဟာ သာသနာရေး အခမ်းအနားတွေ ပြီးစီးပြီး သူတို့နေထိုင်ရာကို ပြန်နေချိန်မှာ ကေဘယ်လ်ကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
သေဆုံးသွားတဲ့ နိုင်ငံခြားသား ဗုဒ္ဓဘာသာ သံဃာ ၃ ပါးမှာ ရုရှား၊ အိန္ဒိယနဲ့ ရိုမေးနီးယားတို့မှ ဖြစ်တယ်လို့ ဆိုပါတယ်။
ကျန်သံဃာ ၆ ပါးကတော့ ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ ဒေရားနား ရုပ်သံမှာတော့ မတော်တဆမှု ဖြစ်ပွားတဲ့နေရာက ကြိုးတွေပြတ်ကျထားတဲ့ ကေဘယ်လ်ကား အပျက်အစီးတွေကို ပြထားပါတယ်။
ကေဘယ်လ်ကားသိုင်းကြိုး ပြတ်ကျမှုဖြစ်ရတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
Source: Reuters




