သီရိလင်္ကာတွင် နိုင်ငံတကာ စွန်လွှတ်ပွဲတော် ကျင်းပ
DVB
·
August 25, 2025

သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုမှာ ဩဂုတ် ၂၄ ရက်က ကျင်းပတဲ့ ကိုလံဘို အပြည်ပြည်ဆိုင်ရာ စွန်လွှတ်ပွဲတော်မှာ နိုင်ငံပေါင်း ၂၅ နိုင်ငံက စွန်ဝါသနာရှင်တွေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
တချိန်က မြင်းပွဲတွေ ကျင်းပခဲ့ရာ ကိုလံဘို ဂါလီဖေ့စ်ဂရင်း ကွင်းကြီးမှာ ဒေသခံ စွန်လွှတ်သမား ၅၀၀ ကျော်နဲ့အတူ နိုင်ငံတကာက ၅၅ ယောက် ပါဝင်ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။
အခု နာမည်ကြီးနေတဲ့ လာဘူဘူ အရုပ်ပုံစွန်တွေကနေ emoji ပုံ စွန်တွေအထိ အရောင်စုံတဲ့ စွန်တွေ သီရိလင်္ကာ မြို့တော်ကောင်းကင်ယံမှာ ပျံဝဲနေခဲ့တာ ဖြစ်ပါတယ်။
Source: Reuters




