Home
နိုင်ငံတကာ
သီရိလင်္ကာ၌ အမျိုးသမီးဆရာဝန် ၁ ဦး လိင်ပိုင်းစော်ကားခံရပြီးနောက် ဆရာဝန်များ  သပိတ်မှောက်
DVB
·
March 13, 2025
photo:Reuters

သီရိလင်္ကာနိုင်ငံ ဗဟိုမြောက်ပိုင်းရှိ သင်ကြားရေးဆေးရုံတခုမှာ  အမျိုးသမီး ဆရာဝန်တယောက် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုနဲ့ ပတ်သက်လို့ ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့  အစိုးရဆရာဝန်တွေဟာ မတ် ၁၂ ရက်  မနက်ပိုင်းမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ တရက်တာ ဆန္ဒပြ သပိတ်မှောက် ခဲ့ပါတယ်။ 

အစိုးရ ဆေးဘက်ဆိုင်ရာအရာရှိများအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ချာမီးလ် ဝီဂျက်ဆင်းန်က “အမျိုးသမီးဆရာဝန် တယောက် တာဝန်ချိန်အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ်ဆိုတဲ့ သတင်းကြားတော့ တနိုင်ငံလုံး တုန်လှုပ်ထိတ်လန့်ရပြီး စိတ်မကောင်းဖြစ်ရပါတယ်”လို့ ပြောပါတယ်။ 

ဆေးရုံဝင်းထဲမှာပဲ သူ့ရဲ့ဆေးဘက်ဆိုင်ရာ တာဝန်တွေ ထမ်းဆောင်နေချိန်မှာ အရမ်းကို ဆိုးရွား ပြင်းထန်တဲ့ အဖြစ်အပျက်ပဲလို့လည်း ဆိုပါတယ်။ 

သပိတ်မှောက်မှုကြောင့် အစိုးရဆေးရုံတွေကို လာရောက်ကုသခံကြတဲ့ လူနာတွေကို သက်ရောက်မှု ရှိမှာဖြစ်ပြီး အရေးပေါ်လူနာတွေအတွက် အနှောင့်အယှက်ကင်းကင်း စောင့်ရှောက်မှု သေချာရရှိစေဖို့ လိုအပ်တဲ့ အစီအမံတွေကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း အစိုးရ ဆေးဘက် အရာရှိများအသင်းက ပြောပါတယ်။ 

သားဖွား၊ ကလေးအထူးကု၊ ကျောက်ကပ်၊ စစ်ဆေးရုံနဲ့ အမျိုးသား စိတ်ကျန်းမာရေး တက္ကသိုလ်တို့ကတော့ သပိတ်မှာ ပါဝင်ခြင်းမရှိပါဘူး။

တနင်္လာနေ့က ဒီဖြစ်ရပ် ဖြစ်ပွားပြီး ၂ ရက်အကြာ မတ် ၁၂ ရက်  မနက်ပိုင်းမှာ သံသယရှိသူကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013